Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဘိုကလေးမြို့နယ် သပြုကုန်းကျေးရွာ၌ ကွန်ကရစ်ဘီးလမ်းသစ် ဖွင့်ပွဲကျင်းပ


05 Jan,2023

 
ဘိုကလေး ဇန်နဝါရီ ၄ ရက်
 
(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ဘိုကလေးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက၂၀၂၂ -၂၀၂၃ ဘဏ္ဍာနှစ်တွင် ကျေးရွာဖွံ့ ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့်အကောင်အထည်ဖော် ဆောင်ရွက်သည့် သပြုကုန်းကျေးရွာ၌ ကွန်ကရစ်ဘီးလမ်းသစ်ဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီက အဆိုပါကျေးရွာ၌ ကျင်းပခဲ့ကြောင်း သိရသည်။
 
ရှေးဦးစွာ ဘိုကလေးမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခေတ္တမြို့နယ် ဦးစီးမှူး ဦးမိုးဝင်းက ကျေးရွာဖွံ့ ဖြိုးတိုးတက် ရေးလုပ်ငန်းစီမံကိန်း(VDP)ပံ့ပိုးရန်ပုံငွေ၊ ပြည် သူထည့်ဝင်ငွေတို့ဖြင့် ကွန်ကရစ်ဘီးလမ်းခင်းခြင်းလုပ်ငန်းအကောင်အည်ဖော်ဆောင်ရွက်ခဲ့မှု အခြေအနေများကို ရှင်းလင်းပြောကြားသည်။
 
ထို့နောက် ကွန်ကရစ်လမ်းသစ်မုဒ်ဦးကို ဖျာပုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးတင်လင်း
နှင့်ခရိုင်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
 
အဆိုပါကျေးရွာ အရှည်ပေ ၈၀၀၊ အကျယ် ၃ ပေ၊ အမြင့် ခြောက်လက်မကွန်ကရစ်ဘီးလမ်းခင်းခြင်းကို ကျေးရွာဖွံ့ ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ပံ့ပိုးရန်ပုံငွေသိန်း ၁၀၀၊ကျေးရွာနေပြည် သူထည့်ဝင်ငွေကျပ် ၂၃ သိန်း စုစုပေါင်းငွေကျပ် ၁၂၃ သိန်းဖြင့် ကျေးရွာနေပြည်သူ များ ကိုယ်တိုင်အောက်တိုဘာလတတိယပတ်မှစတင်၍ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
 
 
     

 


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm