Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

နတ်မောက်မြို့နယ် နတ်မောက်-ဝက်ချုပ်-ဝါးရုံကုန်းကျေးရွာချင်းဆက်လမ်း ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှု စစ်ဆေး


03 Jan,2023

နတ်မောက်၊ ဒီဇင်ဘာ ၃၁

                မကွေးတိုင်းဒေသကြီး မကွေးခရိုင် နတ်မောက်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက နတ်မောက်-ဝက်ချုပ်-ဝါးရုံကုန်းကျေးရွာချင်းဆက်လမ်း ကျောက်ချောလမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ယနေ့ နံနက် ၉ နာရီက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးသည်။

               ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် နတ်မောက်မြို့နယ် ကျေးလက်လမ်းဖွံဖြိုးရေးဦးစီးဌာန အငယ်တန်းအင်ဂျင်နီယာ-၂ (မြို့ပြ) ဒေါ်ခင်သွယ်အိထွေးနှင့် တာဝန်ရှိသူ အင်ဂျင်နီယာများက သက်ဆိုင်ရာ ကုမ္ပဏီမှ တာဝန်ရှိသူများနှင့်အတူ နတ်မောက်မြို့နယ် နတ်မောက်-ဝက်ချုပ်-ဝါးရုံကုန်းကျေးရွာချင်းဆက်လမ်း အရှည် တစ်မိုင် တစ်ဖာလုံ၊ အကျယ် ၁၆ပေ၊ အမြင့် ၉လက်မရှိ ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်းကို မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေကျပ် ၉၂ ဒဿမ ၁၅ သန်းဖြင့် မြတ်နန်းစံကုမ္ပဏီက အောက်တိုဘာလက စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း၊ အဆိုပါ ကျေးရွာချင်းဆက်လမ်း ဖောက်လုပ်နိုင်မှုကြောင့် ကျေးရွာရှိ အိမ်ခြေ ၂၀၆၇ အိမ်၊ လူ ၁၀၀၆၂ ဦးတို့အတွက် ရာသီမရွေးလမ်းပန်းဆက်သွယ်ရေး အဆင်ပြေမည်ဖြစ်ကြောင်း နတ်မောက်မြို့နယ် ကျေးလက်လမ်းဖွံဖြိုးရေးဦးစီးဌာန အငယ်တန်းအင်ဂျင်နီယာ-၂ (မြို့ပြ) ဒေါ်ခင်သွယ်အိထွေးက ပြောပြ၍ သိရသည်။

သူသူ

၁-၁-၂၀၂၃ ရက်နေ့ထုတ် ရတနာပုံသတင်းစာမှ ကောက်နုတ်ဖော်ပြအပ်ပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်