အောင်လံ၊ ဒီဇင်ဘာ ၃၁
မကွေးတိုင်းဒေသကြီး အောင်လံခရိုင် အောင်လံမြို့နယ် ကျေးလက်လမ်းဖွံဖြိုးရေးဦးစီးဌာနက ထမကန်-သီးကုန်း-လက်ပခုန်-ကျောက္ကလပ် ကျေးရွာချင်းဆက်လမ်း ဖောက်လုပ်ပြီးစီးမှု အခြေအနေများကို ဒီဇင်ဘာ ၃၀ ရက် နံနက် ၉ နာရီက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် အောင်လံမြို့နယ် ကျေးလက်လမ်းဖွံဖြိုးရေးဦးစီးဌာန အငယ်တန်း အင်ဂျင်နီယာ-၂ (မြို့ပြ) ဒေါ်မျိုးပပအောင်နှင့် တာဝန်ခံအင်ဂျင်နီယာများက သက်ဆိုင်ရာကုမ္ပဏီမှ တာဝန်ရှိသူများနှင့်အတူ အောင်လံမြို့နယ် ထမကန်-သီးကုန်း-လက်ပခုန်-ကျောက္ကလပ် ကျေးရွာချင်းဆက်လမ်းဖောက်လုပ်ပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး အောင်လံမြို့နယ် ကျေးလက်လမ်းဖွံဖြိုးရေးဦးစီးဌာန အငယ်တန်း အင်ဂျင်နီယာ-၂ (မြို့ပြ) ဒေါ်မျိုးပပအောင်က ဆောင်ရွက်ပြီးလုပ်ငန်းများ ရေရှည်တည်တံ့အောင် ထိန်းသိမ်းကြရန် ဆွေးနွေးမှာကြားသည်။
ထမကန်-သီးကုန်း-လက်ပခုန်-ကျောက္ကလပ် ကျေးရွာချင်းဆက်လမ်း အရှည် ၆ မိုင်၊ အကျယ် ၁၈ပေ၊ အမြင့် ၈လက်မ မြေနီခင်းခြင်းလုပ်ငန်းကို မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ခွင့်ပြုရန်ပုံငွေ ကျပ်သန်း ၁၄၀ဖြင့် စိုးမြင့်မိုရ်ကုမ္ပဏီက အောက်တိုဘာလ ပထမအပတ်မှ စတင်ဆောင်ရွက်ခဲ့ရာ လုပ်ငန်းများရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း၊ ထို့ကြောင့် အဆိုပါ ကျေးရွာလေးရွာရှိ အိမ်ခြေ ၆၅၈ အိမ်၊ လူ ၂၅၆၉ ဦးတို့ ရာသီမရွေး လမ်းပန်းဆက်သွယ်ရေးအဆင်ပြေစွာ သွားလာနိုင်ပြီဖြစ်ကြောင်း အောင်လံမြို့နယ် ကျေးလက်လမ်းဖွံဖြိုးရေးဦးစီးဌာနမှ အငယ်တန်းအင်ဂျင်နီယာ-၂ (မြို့ပြ) ဒေါ်မျိုးပပအောင်က ပြောပြ၍ သိရသည်။
သန်းလွင်(မကွေး)
၁-၁-၂၀၂၃ ရက်နေ့ထုတ် ရတနာပုံသတင်းစာမှ ကောက်နုတ်ဖော်ပြအပ်ပါသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်