ရေနံချောင်း ဒီဇင်ဘာ ၂၈
မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ် ကျေးလက်လမ်းဖွံဖြိုးရေးဦးစီးဌာနက ရေနံချောင်း မြို့နယ် ဝဂ္ဂေါင်းလမ်း ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ဒီဇင်ဘာ ၂၇ ရက်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ရေနံချောင်းမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးအရာရှိ (မြို့ပြ) ဒေါ်နှင်းပုလဲထွေးနှင့် တာဝန်ခံဝန်ထမ်းများက ရေနံချောင်းမြို့နယ် ဝဂ္ဂေါင်းလမ်း ကတ္တရာထပ်ပိုးလွှာ ခင်းခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး မြို့နယ်ဦးစီးအရာရှိ(မြို့ပြ)က လုပ်ငန်းများ ရေရှည်တည်တံ့ခိုင်မြဲအောင် ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ကြရန် ဆွေးနွေးမှာကြားသည်။
ရေနံချောင်းမြို့နယ်၊ ဝဂ္ဂေါင်းလမ်း၌ အရှည် ၂ ဒဿမ ၅၆ မိုင်၊ အကျယ် ၁၂ ပေ၊ အမြင့် ၁၅ လက်မရှိ ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် တိုင်းဒေသကြီး၊ ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ် ၆၄ သန်းဖြင့် ရေနံချောင်းမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ဇူလိုင်လတတိယပတ်က စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးနေပြီ ဖြစ်သည့်အတွက် ဒေသခံ ပြည်သူများအနေဖြင့် လမ်းပန်းဆက်သွယ်ရေး အဆင်ပြေချောမွေ့စွာဖြင့် ရာသီမရွေးသွားလာနိုင်တော့မည် ဖြစ်ကြောင်း၊ ကျေးလက်ဒေသများမှ ထွက်ရှိသော စိုက်ပျိုးရေး၊ ဒေသထွက်ကုန်ပစ္စည်းများ စျေးကွက်သို့ အချိန်ကုန် သက်သာစွာဖြင့် သယ်ပို့ရောင်းချနိုင်ခြင်းဖြင့် ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက် လာမည်ဖြစ်ကြောင်း ရေနံချောင်းမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးအရာရှိ(မြို့ပြ) ဒေါ်နှင်းပုလဲထွေးက ပြောပြ၍ သိရသည်။
နွဲ့ယဉ်
၂၉-၁၂-၂၀၂၂ ရက်နေ့ထုတ် ရတနာပုံသတင်းစာမှ ကောက်နုတ်ဖော်ပြအပ်ပါသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်