Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သီပေါမြို့နယ် နမ့်ပျဉ်ကျေးရွာ၌ မြစိမ်းရောင်စီမံကိန်းအတိုးရငွေဖြင့် ဆောင်ရွက်သည့် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကျင်းပ


28 Dec,2022

သီပေါမြို့နယ် နမ့်ပျဉ်ကျေးရွာ၌ မြစိမ်းရောင်စီမံကိန်းအတိုးရငွေဖြင့် ဆောင်ရွက်သည့် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကျင်းပ

သီပေါ ဒီဇင်ဘာ ၂၈

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သီပေါမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၂၀၂၂-၂၀၂၃ခု ဘဏ္ဍာရေးနှစ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းအတိုးရငွေ၊ ပြည်သူထည့်ဝင်ငွေတို့ဖြင့် အကောင်အထည်ဖော် ဆောင်ရွက် ခဲ့သည့် ပန်မိတ်ကျေးရွာအုပ်စု နမ့်ပျဉ်ကျေးရွာ ကျေးရွာတွင်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာလ ၂၇ ရက်နေ့ နံနက် ၁၁ နာရီ အချိန်က အဆိုပါ ကျေးရွာ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကျောက်မဲခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းချစ်က မြစိမ်းရောင်ကျေးရွာ စီမံကိန်းအတိုးရငွေ၊ ပြည်သူထည့်ဝင်ငွေတို့ဖြင့် ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်ခဲ့မှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး ကျေးရွာသူ ကျေးရွာသားများကိုယ်စား ကျေးရွာကော်မတီဝင် တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပါသည်။

ထို့နောက် ကွန်ကရစ်လမ်းသစ် ဖွင့်ပွဲမုဒ်ဦးကို ရှမ်းပြည်နယ်မြောက်ပိုင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဦးစောမြင့်ထွန်းနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက  ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပါသည်။

အဆိုပါကျေးရွာတွင်းလမ်း ကွန်ကရစ်လမ်း အရှည် ၂၀၀၀ ပေ၊ အကျယ် ၁၂ ပေ၊ အမြင့် ခြောက်လက်မထု ကွန်ကရစ်ခင်းခြင်း လုပ်ငန်းကို  မြစိမ်းရောင်ကျေးရွာစီမံကိန်းအတိုးရငွေ ကျပ်သိန်း ၃၀၀ ၊ ကျေးရွာနေပြည်သူ ထည့်ဝင်ငွေကျပ် ၈၆ ဒသမ ၂ သိန်း၊ စုစုပေါင်းငွေကျပ် ၃၈၆ ဒသမ ၂ သိန်းဖြင့် ကျေးရွာသူကျေးရွာသားများကိုယ်တိုင် အောက်တိုဘာလ စတုတ္ထအပတ်မှ စတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း ရှမ်းပြည်နယ်မြောက်ပိုင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဦးစောမြင့်ထွန်းထံမှ သိရသည်။

နီလာ


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်