Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မောင်တောမြို့နယ်၌ လမ်းညွှန်ဆိုင်းဘုတ်များ၊ အန္တရာယ်သတိပေးလမ်းညွှန်များ ဆောင်ရွက်ပြီးစီးမှု ကွင်းဆင်းစစ်ဆေး


26 Dec,2022

မောင်တော ဒီဇင်ဘာ ၂၄        

               ရခိုင်ပြည်နယ် မောင်တောမြို့၌ လမ်းအသုံးပြုသူများ အန္တရာယ်ကင်းစွာ မောင်းနှင်သွားလာနိုင်စေ ရေးအတွက်ရည်ရွယ်၍ မောင်တောမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ စီမံခန့်ခွဲသော ငွေတောင်-သာယာကုန်း-မကျည်းကုန်းကျေးရွာချင်းဆက်လမ်း ၂/၆ ဒဿမ ၆ မိုင်ပေါ်၌ ဆောင်ရွက်ထားရှိသည့် လမ်းညွှန် ဆိုင်းဘုတ်များ၊ အန္တရာယ်သတိပေးဆိုင်းဘုတ်များ စိုက်ထူပြီးစီးမှုအခြေအနေကို ယနေ့နံနက်ပိုင်းက မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးကံထွန်းအောင်နှင့် အဖွဲ့ဝင်များကွင်းဆင်းစစ်ဆေးရာ ဦးစီးအရာရှိ(မြို့ပြ) ဦးခင်မောင်ဦးက ဆောင်ရွက်ပြီးစီးမှုကို ရှင်းလင်းတင်ပြကြောင်း သိရသည်။

သက်လွင်စိုး(ခရိုင်ပြန်/ဆက်)

၂၅-၁၂-၂၀၂၂ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာမှ ကောက်နုတ်ဖော်ပြအပ်ပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်