Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

တာချီလိတ်မြို့နယ်တွင် ဆီလီငေါ့-မောတွီ (၂၂)ရွာလမ်း (ချောင်းဆုံ-ပါဆန်း-မိုင်းတောင်) လမ်း ကျောက်လမ်းခင်းနေမှု ကွင်းဆင်းစစ်ဆေး


21 Dec,2022

တာချီလိတ် ဒီဇင်ဘာ ၂၀

               ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက တာချီလိတ်  မြို့နယ်တွင် ဆီလီငေါ့-မောတွီ(၂၂)ရွာလမ်း (ချောင်းဆုံ-ပါဆန်း-မိုင်းတောင်)လမ်း ကျောက်လမ်းခင်းခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှုကို ယနေ့တွင် တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

               ထို့သို့ ကွင်းဆင်းစစ်ဆေးရာတွင် တာချီလိတ်ခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးအရာရှိ(မြို့ပြ) ဦးဝင်းနိုင်နှင့် တာဝန်ရှိသူများက တာချီလိတ်မြို့နယ်တွင် ဆီလီငေါ့-မောတွီ (၂၂)ရွာလမ်း (ချောင်းဆုံ-ပါဆန်း-မိုင်းတောင်)လမ်းတွင် ကျောက်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို စစ်ဆေးကြပြီး တာချီလိတ်မြို့နယ် ‌ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

               တာချီလိတ်မြို့နယ် ဆီလီငေါ့-မောတွီ (၂၂)ရွာလမ်း (ချောင်းဆုံ-ပါဆန်း-မိုင်းတောင်) လမ်းအရှည် ခြောက်ဖာလုံ၊ အကျယ် ၁၆ ပေ၊ အမြင့် ကိုးလက်မရှိ ကျောက်လမ်းခင်းခြင်းလုပ်ငန်းကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ပြည်နယ်ခွင့်ပြုရန်ပုံငွေကျပ် ၈၅ ဒဿမ ၅၁၇ သန်းဖြင့် တာချီလိတ်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက စက်တင်ဘာတတိယပတ်က စတင်ဆောင်ရွက်ခဲ့ရာ လက်ရှိတွင် လုပ်ငန်းများ ၇၅ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း၊ အဆိုပါလုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါက ကျေးရွာ ၂၂ ရွာမှ လူဦးရေး ၆၇၆၇ ဦးအတွက် ရာသီမရွေးသွားလာ အသုံးပြုနိုင်မည်ဖြစ်ကြောင်း၊ ဒေသထွက်ကုန် ပစ္စည်းများကိုလည်း စျေးကွက်အ‌ရောက် တင်ပို့ရောင်းချခြင်းဖြင့် ‌ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန် အကျိုးပြုစေမည်ဖြစ်ကြောင်း တာချီလိတ်ခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးအရာရှိ(မြို့ပြ) ဦးဝင်းနိုင်က ပြောပြ၍ သိရသည်။

ကျော်ဇောဦး(မောရှမ်းမြေ)

၂၁-၁၂-၂၀၂၂ ရက်နေ့ထုတ် ရတနာပုံသတင်းစာမှ ကောက်နုတ်ဖော်ပြအပ်ပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်