မိုင်းယောင်း ဒီဇင်ဘာ ၁၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက မိုင်းယောင်း မြို့တွင် ဝမ်ဟိုရမ်း-ဝမ်ဘန်း-ဝမ်လဲ-ဝမ်ကျူ-ဝမ်မိုင်လမ်း (ရွှေညောင်ပင်သွားလမ်း) ကတ္တရာခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုကို တာဝန်ရှိသူများ ယနေ့တွင် ကွင်းဆင်းစစ်ဆေးသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် တာချီလိတ်ခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးအရာရှိ(မြို့ပြ) ဦးဝင်းနိုင်နှင့် တာဝန်ရှိသူများက မိုင်းယောင်းမြို့နယ် ဝမ်ဟိုရမ်း-ဝမ်ဘန်း-ဝမ်လဲ-ဝမ်ကျူ-ဝမ်မိုင်လမ်း (ရွှေညောင်ပင်သွားလမ်း) ကတ္တရာခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုကို စစ်ဆေးကြပြီး မိုင်းယောင်းမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေ အနေကို ရှင်းလင်းတင်ပြကြသည်။
တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ် ဝမ်ဟိုရမ်း-ဝမ်ဘန်း-ဝမ်လဲ-ဝမ်ကျူ-ဝမ်မိုင်လမ်း (ရွှေညောင်ပင် သွားလမ်း) အရှည် ၅ ဒဿမ ၂၅ ဖာလုံ၊ အကျယ် ၁၂ ပေ၊ အမြင့် ကိုးလက်မရှိ ကတ္တရာခင်းခြင်းလုပ်ငန်းကို မိုင်းယောင်းမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ပြည်နယ်ခွင့်ပြုရန်ပုံငွေကျပ် ၁၆၄ ဒဿမ ၀၁၅ သန်းဖြင့် ဇွန်လ ပထမပတ်က စတင်ဆောင်ရွက်ခဲ့ရာ လက်ရှိတွင် လုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးပြီးဖြစ်ကြောင်း၊ အဆိုပါ လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုကြောင့် ကျေးရွာငါးရွာမှ လူ ၂၃၆၅ ဦးအတွက် ရာသီမရွေး သွားလာအသုံးပြုနိုင်မည်ဖြစ်ကြောင်း တာချီလိတ်ခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးအရာရှိ(မြို့ပြ) ဦးဝင်းနိုင်က ပြောပြ၍ သိရသည်။
ကျော်ဇောဦး(မောရှမ်းမြေ)
၂၀-၁၂-၂၀၂၂ ရက်နေ့ထုတ် ရတနာပုံသတင်းစာမှ ကောက်နုတ်ဖော်ပြအပ်ပါသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်