Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

စစ်တွေကမ်းခြေပတ်လမ်း ကျောက်စီမြေထိန်းနံရံတည်ဆောက်ခြင်းလုပ်ငန်း ကွင်းဆင်းစစ်ဆေး


20 Dec,2022

စစ်တွေ ဒီဇင်ဘာ ၁၈

              ရခိုင်ပြည်နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ စစ်တွေမြို့နယ်၌ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ငွေလုံးငွေရင်းရန်ပုံ‌ငွေဖြင့် ဆောင်ရွက်မည့် စစ်တွေကမ်းခြေပတ်လမ်းကျောက်စီမြေထိန်းနံရံ တည်ဆောက်ခြင်း လုပ်ငန်းကို ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး သက်လွင်၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ပြည်နယ်တာဝန်ခံ ဦးဝင်းမြင့်ဟန်၊ ခရိုင်၊ မြို့နယ်တာဝန်ခံနှင့် တာဝန်ရှိသူများက ယမန်နေ့က ကွင်းဆင်းစစ်ဆေး သည်။

          ကွင်းဆင်းစစ်‌ဆေးစဉ် ပြည်နယ်ဝန်ကြီးက ကျောက်စီမြေထိန်းနံရံကို ဒီဇီုင်းအတိုင်း သတ်မှတ်အတိုင်း အတာ စံချိန်စံညွှန်းများနှင့် အညီ ကိုက်ညီစေရေး၊ ဘဏ္ဍာနှစ်အတွင်း လုပ်ငန်းများပြီးစီးရေးအတွက် အလေးထား ဆောင်ရွက်ရန် ကုမ္ပဏီမှ တာဝန်ရှိသူများအားမှာကြားခဲ့သည်။

           အဆိုပါ ကျောက်စီမြေထိန်းနံရံ တည်ဆောက်ခြင်းကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ငွေလုံးငွေရင်း ရန်ပုံငွေကျပ် ၂၄၄ ဒသမ ၈၅၈ သန်းဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)

၁၉-၁၂-၂၀၂၂ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာမှ ကောက်နုတ်ဖော်ပြအပ်ပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm