Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ချောက်မြို့နယ် ချောင်းဦး-ရွာမကျေးရွာချင်းဆက်လမ်း မြေနီကျောက်စရစ်ခင်းခြင်း ပြီးစီးမှု ကွင်းဆင်းစစ်ဆေး


14 Dec,2022

ချောက် ဒီဇင်ဘာ ၁၂

               မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် တွင် ချောက်မြို့နယ် ရွာမ‌ကျေးရွာအုပ်စု ချောင်းဦး-ရွာမကျေးရွာချင်းဆက်လမ်းပေါ်၌ မြေနီကျောက်စရစ် ခင်းခြင်း လုပ်ငန်းဆောင်ရွက်ပြီစီးမှုကို ဒီဇင်ဘာ ၁၁ ရက်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ ကြောင်း သိရသည်။

                     ထို့သို့ ကွင်းဆင်းစစ်ဆေးရာတွင် ချောက်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဇော်မင်းထွဋ်(မြို့ပြ)၊ ရေနံချောင်းမြို့နယ် ‌ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နှင်းပုလဲထွေး (မြို့ပြ)နှင့် ဝန်ထမ်းများက ချောင်းဦး-ရွာမကျေးရွာချင်းဆက်လမ်းပေါ်၌ မြေနီကျောက်စရစ်ခင်းခြင်း လုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှု့စစ်ဆေးပြီး ချောက်မြို့နယ် ‌ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဇော်မင်းထွဋ်(မြို့ပြ)က ဆောင်ရွက်ပြီး ဖွံ့ဖြိုးရေးလုပ်ငန်းများကို အကျိုးရှိစွာ အသုံးပြုရန်နှင့် ရေရှည်တည်တံ့ခိုင်မြဲစေရေး ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်ကြစေလိုကြောင်း ဆွေးနွေးပြောကြားပြီး လိုအပ်သည်များ‌ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

               ချောက်မြို့နယ်၊ ချောင်းဦး-ရွာမကျေးရွာချင်းဆက်လမ်းပေါ်၌ အရှည် ပေ ၄၄၀၀၊ အကျယ် ၁၈ပေ၊ အမြင့် ခြောက်လက်မရှိ မြေနီကျောက်စရစ်ခင်းခြင်းလုပ်ငန်းကို တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေကျပ် ၂၇သန်း ဖြင့် မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ဩဂုတ်လ တတိယပတ်မှ စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

၁၃-၁၂-၂၀၂၂ ရက်နေ့ထုတ် ရတနာပုံသတင်းစာမှ ကောက်နုတ်ဖော်ပြအပ်ပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm