Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သံတွဲမြို့နယ် ကြက်စားချောင်-ဒေါင်းပြင် ကျေးရွာချင်းဆက် ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်း ကွင်းဆင်းစစ်ဆေး


07 Dec,2022

သံတွဲ ဒီဇင်ဘာ ၆       

               ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် ကြက်စားချောင်-ဒေါင်းပြင် ကျေးရွာချင်းဆက်ကျောက်ချောလမ်းခင်းခြင်း လုပ်ငန်းကို ခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)ဒေါ်သာနို့အေးနှင့် တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးသည်။

               အဆိုပါ ကျေးရွာချင်းဆက်လမ်းသည် အရှည် ၀/၄ ဒဿမ ၄၇ မိုင်နှင့် အကျယ် ၁၄ ပေ ရှိပြီး ပြည်နယ်အစိုးရ၏ ငွေလုံးငွေရင်း ရန်ပုံငွေကျပ် ၇၄ ဒဿမ ၀၅၆ သန်းဖြင့် ပြည့်ဝနဒီ ကုမ္ပဏီက တာဝန်ယူ ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းများကို သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေးနှင့် စံချိန်စံညွှန်း ပြည့်မီစေရေး အလေးထား ဆောင်ရွက်ရန် ကုမ္ပဏီမှ တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။

စန္ဒာကြည်(ပြန်/ဆက်)

၇-၁၂-၂၀၂၂ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာမှ ကောက်နုတ်ဖော်ပြအပ်ပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm