Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

တပ်ကုန်းမြို့နယ်သမဝါယမအသင်းစုက စံပြဂွေးပင်ကျေးရွာမှ မိုးစပါးများကို ဒေသပေါက်ဈေး ဝယ်ယူဆောင်ရွက်


07 Dec,2022

နေပြည်တော်၊ ဒီဇင်ဘာ ၆

ပြည်ထောင်စုနယ်မြေ၊ တပ်ကုန်းမြို့နယ်ရှိ စံပြဂွေးပင်ကျေးရွာမှ တောင်သူများ စိုက်ပျိုး ထွက်ရှိသည့်မိုးစပါးများ ဝယ်ယူနိုင်ရေးအတွက် တောင်သူများနှင့်တွေ့ဆုံဆွေးနွေးပွဲကို ဒီဇင်ဘာ ၄ ရက်နေ့က အဆိုပါကျေးရွာ၌ ပြုလုပ်ခဲ့သည်။ တွေ့ဆုံဆွေးနွေးပွဲတွင် သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံးမှ ညွှန်ကြားရေးမှူး ဒေါ်ခင်အေးမော်၊ နေပြည်တော်သမဝါယမဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ယုယုအေး၊ တပ်ကုန်းမြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ၊ မြို့နယ် သမဝါယမအသင်းစုဥက္ကဋ္ဌနှင့်အဖွဲ့များက တောင်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် တာဝန်ရှိသူများက မိုးစပါးဝယ်ယူနိုင်ရေးနှင့်စပ်လျဉ်း၍ တောင်သူများအနေဖြင့် စိုက်ပျိုးထွက်ရှိသည့် မိုးစပါးများကို အဆင်ပြေကောင်းမွန်စွာ ရောင်းချနိုင် ရန်အတွက် သမဝါယမကဏ္ဍက ဒေသပေါက်ဈေး၊ တောင်သူများစိတ်ကြိုက်ဈေးဖြင့် ဝယ်ယူ သည့်အပြင် ကုန်ရောင်းအပေါ် Refund အနေဖြင့် စပါးတစ်တင်းလျှင်‌ ငွေကျပ် ၂၀၀ ပြန်လည် ပေးသွားမည်ဖြစ်ကြောင်း၊ ၎င်း Refund ပြန်အမ်းငွေများအပေါ်တွင် အထွေထွေစရိတ် ၂၀%၊ အစုငွေကျပ် ၃၀၀၀ တို့ကို ပြန်လည်ထည့်ဝင်ရမည်ဖြစ်ပြီး ကျန်ရှိသည့်ငွေများကို ကုန်ရောင်းသူများ မှ ရရှိမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

တောင်သူများက ထွက်ရှိသည့် စပါးများအနက်မှ မျိုးနှင့် ဝမ်းစာတို့ကို ချန်လှပ်စေပြီး ကျန်ရှိသည့်စပါးများကို ဒေသပေါက်ဈေး၊ တောင်သူစိတ်ကြိုက်ဈေးဖြင့် ဝယ်ယူနိုင်ရေးအတွက် တပ်ကုန်းမြို့နယ်သမဝါယမအသင်းစုက စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm