Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဒုတိယဝန်ကြီး ဦးမြင့်စိုး ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့ ရေပေးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး


05 Dec,2022

နေပြည်တော် ဒီဇင်ဘာ ၄

            ကျေးလက်နေပြည်သူများ၏ လူနေမှုအဆင့်အတန်းနှင့် လူမှုစီးပွားဘဝများ မြှင့်မားလာ စေရန်၊ မြို့ပြနှင့် ကျေးလက်ဖွံ့ဖြိုးမှုကွာဟချက် ကျဉ်းမြောင်းစေရန်နှင့် မဲခေါင်-လန်ချန်း အဖွဲ့ဝင်နိုင်ငံများအကြား ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျော့ချရေးဆိုင်ရာ ဗဟုသုတနှင့် အတွေ့အကြုံများမျှဝေဖလှယ်ရန် အစရှိသည့် ရည်ရွယ်ချက်များဖြင့် အကောင် အထည်ဖော်ဆောင်ရွက်မည့် မဲခေါင်-လန်ချန်းနိုင်ငံများအကြား “ကျေးရွာအဆင့် ဆင်းရဲမှုလျှော့ချရေး ဆိုင်ရာ စံပြကျေးရွာထူထောင်ခြင်းစီမံကိန်းမိတ်ဆက်ရှင်းလင်းပွဲအခမ်းအနားအား (၄-၁၂-၂၀၂၂) ရက်နေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ရွာသစ်ကျေးရွာတွင် ကျင်းပရာ ပဲခူးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် သမဝါယမနှင့်‌ ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးတို့က အမှာစကား ပြောကြားကြသည်။

အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများ၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ စီမံကိန်း အကောင်အထည် ဖော်ရေးအဖွဲ့မှ တာဝန်ရှိသူများနှင့် စီမံကိန်းကျေးရွာမှ ကျေးရွာသူ/သားများတက်ရောက်ခဲ့ကြသည်။

           ဆက်လက်ပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ညိုညိုဝင်းက စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်မည့် အခြေအနေနှင့်စပ်လျဉ်း၍ အကျဉ်းချုပ် ရှင်းလင်းတင်ပြခဲ့ပြီး စီမံကိန်းကျေးရွာကိုယ်စားလှယ် (၁) ဦးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့သည်။

ထို့နောက် အခမ်းအနားသို့ တက်ရာက်လာကြသော တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် နှင့် ဒုတိယဝန်ကြီးတို့က စီမံကိန်းဆိုင်းဘုတ်အား စက်ခလုပ်နှိပ် ဖွင့်လှစ်ပေးခဲ့ပြီး စီမံကိန်းမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အခြေခံစက်ချုပ်သင်တန်း ဖွင့်လှစ်နေမှုအား ကြည့်ရှု့အားပေးခဲ့သည်။

           အဆိုပါစီမံကိန်းအား မဲခေါင်−လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ (၂၀၂၂) ဖြင့် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ရွာသစ်ကျေးရွာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ စီမံကိန်းကာလ (၂) နှစ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်။

ယင်းနောက် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ နှင့် တာဝန်ရှိသူများလိုက်ပါလျက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ပဲခူးတိုင်းဒေသ ကြီး စည်ပင်သာရေးအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်သည့် ပဲခူးမြို့ ရေပေးရေးလုပ်ငန်းခွင်သို့ ကွင်းဆင်း စစ်ဆေးရာတွင် သက်ဆိုင်ရာစည်ပင်သာယာရေးအဖွဲ့မှ  လုပ်ငန်းလည်ပတ်ဆောင်ရွက်မှုနေမှုများ၊ ကလိုရင်းအစက်ချစနစ်ဖြင့် အကြိုရေစစ်ကန် (Pre-Treatment Plant) စမ်းသပ်လည်ပတ် နေမှုများနှင့် ရေမီတာတိုးချဲ့  တပ်ဆင်ဆောင်ရွက်နေမှုများအား ရှင်းလင်းတင်ပြမှုများအပေါ် ဒုတိယဝန်ကြီးက ရေမီတာ တိုးချဲ့တပ်ဆင်နိုင်ရေး၊ လုပ်ငန်းများ စဉ်ဆက်မပြတ် လည်ပတ် ဆောင်ရွက်နိုင်ရေး၊ စမ်းသပ်လည်ပတ်နေမှုများ အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်ကြရေးနှင့် လိုအပ်သည်များ မှာကြားခဲ့သည်။

ထို့နောက် အကြိုရေစစ်ကန် တည်ဆောက်ပြီးစီးမှုအခြေအနေများနှင့် လုပ်ငန်းလည်ပတ် ဆောင်ရွက်နေမှုများကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ လိုက်လံကြည့်ရှုခဲ့သည်။

ထိုမှတစ်ဆင့် ဒုတိယဝန်ကြီး ဦးမြင့်စိုးနှင့်အဖွဲ့သည် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်အဆင့် မြို့နယ်အဆင့် ဦးစီးဌာနများမှ ဝန်ထမ်းများနှင့်တွေ့ဆုံကာ ဝန်ကြီးဌာန၏ မူဝါဒ၊ ရည်ရွယ်ချက်၊ ရည်မှန်းချက်များ အောင်မြင်ရေးအတွက် ဦးစီးဌာနများအချင်းချင်း ပူးပေါင်းဆောင်ရွက်ရေး၊ ဝန်ထမ်းစည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက်ရေးတို့ကို မှာကြားပြီး ဝန်ထမ်းများ၏ လုပ်ငန်း လိုအပ်ချက်များ တင်ပြမှုအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm