Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမနှင့်စီမံခန့်ခွှဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် တက္ကသိုလ်(၁၀)နှစ်ပြည့် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ကျပန်းစကားပြောပြိုင်ပွဲ၊ စကားရည်လုပြိုင်ပွဲနှင့် Storytelling Competition ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ


03 Dec,2022

သန်လျင်၊ ဒီဇင်ဘာ

              သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် တက္ကသိုလ် (၁၀)နှစ်ပြည့် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီက ကြီးမှူး ကျင်းပသည့် ကျပန်းစကားပြောပြိုင်ပွဲနှင့် စကားရည်လုပြိုင်ပွဲ၊ အင်္ဂလိပ်စာဌာနက ကြီးမှူးကျင်းပ သည့် Storytelling Competition ကို ၁-၁၂-၂၀၂၂ ရက်နေ့ နံနက် (၉)နာရီတွင် ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်ရာ ပါမောက္ခချုပ် တက်ရောက်၍ အဖွင့်အမှာ စကားပြောကြားခဲ့သည်။ အဆိုပါပြိုင်ပွဲ များတွင် ကျပန်းစကားပြောပြိုင်ပွဲ၌ ကျောင်းသား၊ ကျောင်းသူ(၇)ဦးပါဝင်ယှဉ်ပြိုင်ကြပြီး စကားရည်လုပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ(၃)ဦး ပါဝင်သည့်အဖွဲ့(၈)ဖွဲ့နှင့် Storytelling Competition တွင် ကျောင်းသား၊ ကျောင်းသူ(၂)ဦး ပါဝင်သည့် အဖွဲ့(၅)ဖွဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ ဆက်လက်၍ ဗိုလ်လုပွဲ ပွဲစဉ်များနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ၂-၁၂-၂၀၂၂ ရက်နေ့ နံနက်(၁၀)နာရီတွင် ဘက်စုံသုံးခန်းမ၌ ကျင်းပရာ ပါမောက္ခချုပ်က အဖွင့်အမှာစကားပြောကြားပြီး ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများက သက်ဆိုင်ရာပြိုင်ပွဲအလိုက် ဆက်လက်ယှဉ်ပြိုင်ခဲ့ကြသည်။ ၎င်းနောက်ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ကျပန်းစကားပြောပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆု ရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီဥက္ကဋ္ဌကလည်းကောင်း၊ စကားရည်လုပြိုင်ပွဲတွင် ပထမဆုရရှိသည့် အဖွဲ့အား ပါမောက္ခချုပ်ကလည်းကောင်း၊ ဒုတိယရရှိသည့်အဖွဲ့အား ဒုတိယပါမောက္ခချုပ်(စီမံ)ကလည်းကောင်း၊ တတိယဆုရရှိသည့်အဖွဲ့အား ဒုတိယပါမောက္ခချုပ်(သင်ကြား)ကလည်းကောင်း၊ Storytelling Competition တွင် ပထမဆုနှင့် ဒုတိယဆုရရှိသည့် အဖွဲ့များအား ပါမောက္ခချုပ်ကလည်းကောင်း၊ တတိယဆုနှင့် နှစ်သိမ့်ဆုရရှိသည့်အဖွဲ့များအား အင်္ဂလိပ်စာဌာန၊ ပါမောက္ခ/ဌာနမှူးက လည်းကောင်း ဂုဏ်ပြုကတ်ပြားများနှင့် ဂုဏ်ပြုဆုငွေများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။ ၎င်းနောက် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ/ဌာနမှူးများ၊ တွဲဖက် ပါမောက္ခ/ ခေတ္တဌာနမှူးများ၊ ဆရာ၊ ဆရာမများနှင့် ဆုရကျောင်းသား၊ ကျောင်းသူများ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြသည်။ အဆိုပါအခမ်းအနားသို့ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ/ဌာနမှူးများ၊ တွဲဖက်ပါမောက္ခ/ခေတ္တဌာနမှူးများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ(၅၀၀)ကျော် တက်ရောက်အားပေးခဲ့ကြောင်းသိရှိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm