Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျေးလက်ရေရရှိရေးနည်းပညာသင်တန်း ၁၉/၂၀၂၂ GIS နည်းပညာသင်တန်း


29 Nov,2022

နေပြည်တော် နိုဝင်ဘာ ၂၉ ရက်

                   သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၊ ကျေးလက်ရေရရှိရေးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းဖြစ်သည့် ကျေးလက်ရေရရှိရေးနည်းပညာ သင်တန်းကို (၃၂) ကြိမ်ဖွင့်လှစ်ရန်လျာထားပါသည်။ ကျေးလက်ရေရရှိရေးနည်း ပညာသင်တန်းအမှတ်စဉ် ၁၉/၂၀၂၂ အနေဖြင့် GIS နည်းပညာသုံး သင်တန်းဖွင့်ပွဲ အခမ်းအနားအား ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၂၉) ရက်နေ့ နံနက် (၉:၃၀) နာရီအချိန်တွင် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၊ မြောက်လွှတ်ကုန်းသင်တန်းခန်းမ၌ကျင်းပခဲ့ရာ ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးစိုးသန်း မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။

အဆိုပါ GIS နည်းပညာသုံးသင်တန်းတွင် ကျေးလက်ဦးစီးဌာန(ရုံးချုပ်)၊ နေပြည်တော်၊ ကရင်၊ ပဲခူး၊ မကွေး၊ မန္တလေး၊ မွန်၊ ရန်ကုန်တိုင်းဒေသကြီးများမှ သင်တန်းသား/သူ (၂၅) ဦးတက်ရောက်လျက်ရှိပြီး သင်တန်း ကာလမှာ (၂၉.၁၁.၂၀၂၂) ရက်နေ့မှ (၂.၁၂.၂၀၂၂) ရက်နေ့အထိ (၄) ရက်ကြာမြင့်မည် ဖြစ်ပါသည်။

ကျေးလက်‌ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အနေဖြင့် ကျေးရွာများအားလုံး၏ စီမံကိန်းလုပ်ငန်းများအား GIS စနစ်အသုံးပြု၍ စီမံကိန်းမြေပုံများ ထုတ်လုပ်ခြင်း၊ Web Mapping များပြုလုပ်၍ Management Information System (MIS) စနစ်ဖြင့် ဆောင်ရွက်လျှက်ရှိကြောင်းသတင်းရရှိပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm