Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

တနင်္သာရီတိုင်းဒေသကြီးအတွင်း ကျေးလက်လမ်းနှင့်ကျေးလက်တံတားများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိ


29 Nov,2022

ထားဝယ် နိုဝင်ဘာ ၂၈

               တနင်္သာရီတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ပထမ ခြောက်လပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နိုဝင်ဘာ ၂၅ ရက်နေ့ မွန်းလွဲပိုင်းက တနင်္သာရီတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးခင်ကျော်က တက်ရောက်အမှာစကားပြောကြားသည်။

               ထို့နောက် တိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ)နှင့် ခရိုင်လက်ထောက် ညွှန်ကြားရေးမှူး (မြို့ပြ)များ၊ မြို့နယ်ဦးစီးအရာရှိ (မြို့ပြ)များမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ပြည်ထောင်စု/ တိုင်းဒေသကြီး ငွေလုံးငွေရင်း ရန်ပုံငွေများဖြင့် ပထမခြောက်လပတ်ကာလအတွင်း လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ထားရှိမှုအခြေနေများနှင့် ဆက်လက်စီမံဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဉ် များကို ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

               တနင်္သာရီတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနအနေဖြင့် တနင်္သာရီတိုင်းဒေသကြီး အတွင်း ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ပြည်ထောင်စု ငွေလုံးငွေရင်း ရန်ပုံငွေကျပ် သန်း ၁၂၇၆ ဒဿမ ၁၅၀ ဖြင့် ကျေးလက်လမ်း ခုနစ်လမ်း၊ လမ်းမိုင်ခုနစ်မိုင် ခုနစ်ဖာလုံနှင့် ကျေးလက်တံတား နှစ်စင်းကိုလည်းကောင်း၊ တိုင်းဒေသကြီး ငွေလုံးငွေရင်း ရန်ပုံငွေကျပ် ၁၂၅၇၆ ဒဿမ ၂၄၁၅ သန်းဖြင့် ကျေးလက်လမ်း ၆၃ လမ်း၊ လမ်းမိုင် ၇၇ မိုင် ခုနစ်ဖာလုံနှင့် ကျေးလက်တံတား ၆၇ စင်းကို ကျေးလက်ပြည်သူလူထုအတွက် အထောက်အကူပြု ရာသီမရွေးသွားလာနိုင်သော ကျေးလက်လမ်းများအဖြစ် အဆင့်မြှင့်တင် အကောင်အထည်‌ဖော်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

၂၉-၁၁-၂၀၂၂ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာမှ ကောက်နုတ်ဖော်ပြအပ်ပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm