Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျိုက်ထိုမြို့နယ်သမဝါယမအသင်းစုလီမိတက်က နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေး ကျင်းပပြုလုပ်


25 Nov,2022

ကျိုက်ထို၊ နိုဝင်ဘာ ၂၅

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်သမဝါယမအသင်းစုလီမိတက်၏ (၂၀၂၀-၂၀၂၁) ဘဏ္ဍာရေးနှစ် နှင့် (၁-၁၀-၂၀၂၁)မှ(၃၁-၃-၂၀၂၂)ထိ ကြားကာလဘဏ္ဍာရေးနှစ်တို့အတွက် နှစ်ပတ်လည်အရပ်ရပ် ဆိုင်ရာအစည်းအဝေးကို အဆိုပါအသင်းစုရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးသို့ ပြည်နယ်သမဝါယမဦးစီးဌာနနှင့် ပြည်နယ်သမဝါယမအသင်းစုချုပ်မှ တာဝန် ရှိသူများ၊ မြို့နယ်သမဝါယမဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်သမဝါယမအသင်းစုမှ အမှုဆောင် အဖွဲ့ဝင်များနှင့် အခြေခံသမဝါယမအသင်းများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် သဘာပတိအဖြစ် မြို့နယ်သမဝါယမအသင်းစုဉက္ကဋ္ဌ ဦးမောင်မောင်လွင်က ဆောင်ရွက်ခဲ့ပြီး၊ ပြည်နယ်သမဝါယမဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးသန်းနိုင်နှင့် ပြည်နယ် သမဝါယမအသင်းစုချုပ်ဉက္ကဋ္ဌ ဦးစိုးတင့်တို့က အမှာစကားပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်သမဝါယမအသင်းစု အတွင်းရေးမှူး ဒေါ်ဇင်ဇင်ခိုင်မှ  အမှုဆောင်အဖွဲ့ အစီရင်ခံစာ၊ ဘဏ္ဍာရေးရှင်းတမ်း၊ အမြတ်ခွဲဝေစာရင်း၊ အသင်းသားစာရင်းစစ်အစီရင်ခံစာနှင့် ရှေ့လုပ်ငန်းစဉ်များအား ဖတ်ကြားရှင်းလင်း၍ ဆွေးနွေးသဘောတူညီချက်ရယူကာ အတည်ပြုချက် ရယူဆောင်ရွက်ခဲ့သည်။ အဆိုပါ အစည်းအဝေးတွင် အနားယူသွားသော ဝန်ထမ်းများအား အိုနာစာရန်ပုံငွေချီးမြှင့်ခြင်း၊ လုပ်ငန်းစွမ်းဆောင်ရည်ဆုရရှိသူ ၂၃ ဦးအား ဆုချီးမြှင့်ခြင်း၊ ချေးငွေ ပုံမှန်ပေးဆပ်နိုင်သူ၊ စုဆောင်းငွေအများဆုံး စုဆောင်းနိုင်သူများအား ဆုချီးမြှင့်ခြင်း၊ လက်ဆောင် ပစ္စည်းများအားပေးအပ်ခြင်းနှင့် စုဆောင်းငွေပေါ်အတိုးငွေကျပ် ၁၁၆.၁၇၂ သိန်းအား ထုတ်ပေးခဲ့ ကြောင်း သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်