တောင်တွင်းကြီး နိုဝင်ဘာ ၂၃
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တောင်တွင်းကြီးမြို့နယ် အတွင်း တောင်တွင်းကြီး-အောင်လံကားလမ်းမကြီးနှင့် ဆက်သွယ်ဖောက်လုပ်ထားသော ရွှေအင်ပင်ကျေးရွာ ကျေးရွာချင်းဆက်လမ်း ဖောက်လုပ်မှုမှာ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
အဆိုပါလမ်းပြီးစီးမှုအခြေအနေများကို မကွေးခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး(မြို့ပြ) ဦးစိုးမင်းထွန်းနှင့် တာဝန်ရှိများ ယနေ့နံနက်ပိုင်းက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကျေးရွာချင်းဆက်လမ်းလုပ်ငန်းဖြစ်သည့် တောင်တွင်းကြီး-အောင်လံကားလမ်းမကြီးနှင့် ဆက်သွယ်ဖောက်လုပ်ထားသည့် ရွှေအင်ပင်လမ်းမှာ အရှည် ၁ မိုင်၊ ၄ဖာလုံ၊ အကျယ် ၁၈ပေ၊ ထု ၆ လက်မ ဖြစ်ပြီးမြေသားလမ်းတင်ခြင်းနှင့် မြေနီခင်းခြင်း လုပ်ငန်းများကို တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေကျပ် ၅၆ သန်း ဖြင့် စက်တင်ဘာလ ဒုတိယပတ်မှ စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်