ဝေါ၊ နိုဝင်ဘာ ၂၃
ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ် ကျိုက်လှကျေးရွာရှိ ရတနာသီရိ(၁) စိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်းလီမိတက်က အသင်းသားပိုင်လယ်မြေ ၅၃ ဧကတွင် စိုက်ပျိုး သက်တမ်း ၁၃၅ ရက်ရှိ မနောသုခစပါးနှင့် စိုက်ပျိုးသက်တမ်း ၁၅၀ ရက်ရှိ မျိုးသုခစပါး၊ ရတနာသီရိ(၂) စိုက်ပျိုးရေးနှင့်အထွေထွေလုပ်ငန်းသမဝါယမအသင်းလီမိတက်က အသင်းသား ပိုင်လယ်မြေ ၃၁ ဧကတွင် စိုက်ပျိုးသက်တမ်း ၁၃၅ ရက်ရှိ မနောသုခစပါးတို့ကို ထွန်ယက် စိုက်ပျိုးခဲ့ပြီး ယခုအခါ ရိတ်သိမ်းချိန်တွင် တစ်ဧကပျမ်းမျှအထွက်နှုန်း တင်း ၅၀ ထွက်ရှိသည်။
ထို့ပြင် ဧကရာဇ်ကျေးရွာရှိ ဧကရာဇ်စိုက်ပျိုးရေးနှင့်အထွေထွေလုပ်ငန်းသမဝါယမအသင်း လီမိတက်က အသင်းသားပိုင်လယ်မြေ ၂၇ ဧကတွင် စိုက်ပျိုးသက်တမ်း ၁၃၅ ရက်ရှိ ဆင်းသုခစပါး ကို စိုက်ပျိုးခဲ့ရာ ယခု ရိတ်သိမ်းချိန်တွင် တစ်ဧကပျမ်းမျှအထွက်နှုန်း ၆၅ တင်းမှ တင်း ၇၀ ထိ ထွက်ရှိခဲ့ကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်