နေပြည်တော် နိုဝင်ဘာလ(၂၃)
အသေးစားစီးပွားရေးလုပ်ငန်းထူထောင်ခြင်းနည်းပညာToT(Online) သင်တန်းကို အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယနေ့ မွန်းလွဲ(၁)နာရီတွင် ကျင်းပရာ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသားများ တက်ရောက်ခဲ့ကြသည်။
တိုင်းဒေသကြီး/ပြည်နယ်များရှိ အသေးစားစက်မှုလက်မှုလုပ်ငန်းရှင်များ အား Business Plan ရေးဆွဲနည်းအသိပညာများအား ပြန်လည်ဖြန့်ဝေပေးနိုင်ရန်၊ MSMEs ချေးငွေများထုတ်ချေးသည့်အခါ လုပ်ငန်းအခြေအနေများကိုစိစစ်၍ ချေးငွေထုတ်ချေးရာတွင် လွယ်ကူအဆင်ပြေ (Readiness) ဖြစ်စေ ရန်နှင့် ဝန်ထမ်းများ၏ လု်ပငန်းစွမ်းဆောင်ရည်မြှင့်တင်ပေးရန် ရည်ရွယ်ချက်များဖြင့် အသေးစား စီးပွားရေးလုပ်ငန်းထူထောင်ခြင်းနည်းပညာ ToT (Online) သင်တန်းကို ဖွင့်လှစ်ခြင်းဖြစ်သည်။
သင်တန်းဖွင့်ပွဲအခမ်းအနားတွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ညွှန်ကြားရေး မှူးချုပ် ဦးသိန်းတိုးက အသေးစားစီးပွားရေးလုပ်ငန်းထူထောင်ခြင်းနည်းပညာသည် စီးပွားရေး လုပ်ငန်းရှင်များအတွက် အရေးပါသော ပညာရပ်တစ်ခုဖြစ်ကြောင်း၊ ၎င်းပညာရပ်ကို တိုင်းဒေသကြီး/ပြည်နယ် အသီးသီးတွင်ရှိသည့် ဌာနဝန်ထမ်းများအနေဖြင့် ကြိုးစားလေ့လာ မှတ်သားပြီး အသေးစားစက်မှုလက်မှုလုပ်ငန်းရှင်များသို့ စီးပွားရေးလုပ်ငန်းဆိုင်ရာ အသိပညာများ ဆက်လက်ဖြန့်ဝေပေးရမည်ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်ပေးခြင်းဖြင့် စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် စီးပွားရေးလုပ်ငန်းများစတင် စွန့်ဦး တီထွင်ရာတွင်လိုအပ်သည့် လုပ်ငန်းအစီအစဉ်ရေးဆွဲခြင်း နည်းပညာများကို သိရှိလာစေပြီး အောင်မြင်သော အသေးစား စီးပွားရေးလုပ်ငန်းများ ထူထောင်ရာ တွင်များစွာ အထောက်အကူ ပြုမည်ဟု ယုံကြည်ပါကြောင်း ၊ “အသေးစားစက်မှုလက်မှု လုပ်ငန်းများ ထွန်းကား လာစေခြင်းဖြင့် နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေမည်” ဟူသော ဌာန၏ မျှော်မှန်းချက်နှင့်အညီ လုပ်ငန်းများအောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်အောင် စွမ်းအားရှိသလောက် ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားသည်။
ထို့နောက် ဒုတိယညွှန်ကြားရေးမှူးချုပ် (နည်းပညာ)ဒေါ်ငြိမ်းအေး က သင်တန်းတွင် သင်ကြား မည့်ဘာသာရပ်များနှင့် သင်တန်းဖွင့်လှစ်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။ အဆိုပါ သင်တန်းကို ရုံးချုပ်၊ တိုင်းဒေသကြီး/ ပြည်နယ်ရုံးများမှ ဒုတိယညွှန်ကြားရေးမှူးများ၊ ခရိုင်ရုံးများမှ ခရိုင်ဦးစီးမှူးများ၊ ရက်ကန်းကျောင်းအုပ်များ အပါအဝင် စုစုပေါင်းသင်တန်းသား (၁၀၅)ဦး အား (၂၃.၁၁.၂၀၂၂)ရက်နေ့မှ(၂၆.၁၁.၂၀၂၂)ရက်နေ့အထိ (၃)ရက်ကြာ ပြင်ပပညာရှင် သင်တန်း နည်းပြ (၃)ဦးက စာတွေ့၊လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်