Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မဲခေါင်-လန်ချန်း နိုင်ငံများအကြား ဆင်းရဲမှုလျော့ချရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (Joint Working Group – JWG)၏ (၆)ကြိမ်မြောက်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ


23 Nov,2022

နေပြည်တော် နိုဝင်ဘာ ၂၂

မဲခေါင်-လန်ချန်း နိုင်ငံများအကြား ဆင်းရဲမှုလျော့ချရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (Joint Working Group – JWG)၏ (၆)ကြိမ်မြောက်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ထိုင်းနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံ၍ ယနေ့နေ့လည် ၁ နာရီအချိန်က Virtual Conference စနစ်ဖြင့် ကျင်းပ ပြုလုပ်ရာ မဲခေါင်-လန်ချန်း ဆင်းရဲမှုလျော့ချရေးဆိုင်ရာ Focal Department ဖြစ်သည့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများတက်ရောက် ဆွေးနွေးခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကျေးလက်ဒေသဆင်းရဲမှုလျော့ချရေးစီမံခန့်ခွဲမှု အဖွဲ့ (NRRA)မှ ညွှန်ကြားရေးမှူးချုပ် Mr. Xin Jiamin နှင့် ထိုင်းနိုင်ငံ Community Development Department မှ ဒုတိယညွှန်ကြားရေးမှူးချုပ်တို့က အဖွင့်အမှာစကားပြောကြားကြပါသည်။

ဆက်လက်၍ မဲခေါင်-လန်ချန်း အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ကမ္ဘောဒီယားနိုင်ငံ၊ တရုတ် ပြည်သူ့သမ္မတနိုင်ငံ၊ လာအိုနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ ထိုင်းနိုင်ငံတို့မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံမှ မဲခေါင်-လန်ချန်း ဆင်းရဲမှုလျော့ချရေးဆိုင်ရာ Focal Department ဖြစ်သည့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်နှင့် တာဝန်ရှိသူများက မဲခေါင်-လန်ချန်းနိုင်ငံများအကြား ဆင်းရဲမှုလျော့ချရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဆောင်ရွက်မှု အတွေ့ အကြုံများမျှဝေဖလှယ်ခြင်း၊ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု၏ ဆင်းရဲမှုလျော့ချရေးကဏ္ဍ (၅)နှစ်စီမံချက် (၂၀၁၈-၂၀၂၂) အကောင်အထည်ဖော်ဆောင်ရွက်ခဲ့မှု အခြေအနေများ၊ ၂၀၂၃-၂၀၂၇ စီမံချက်အတွက် ရှေ့ဆက်ဆောင်ရွက်မည့် အစီအစဉ်များအား အပြန်အလှန် ဆွေးနွေးကြပါသည်။

အဆိုပါ အစည်းအဝေးသို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကျေးလက်ဒေသဆင်းရဲမှုလျော့ချရေး စီမံခန့်ခွဲမှုအဖွဲ့ (NRRA)မှ ညွှန်ကြားရေးမှူးချုပ်နှင့် မဲခေါင်-လန်ချန်း အဖွဲ့ဝင်နိုင်ငံများမှ ဆင်းရဲမှု လျော့ချရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (Joint  Working Group- JWG)မှ တာဝန်ရှိသူ များ တက်ရောက် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm