Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ငါးဖယ်ချောင်းကျေးရွာ သဘာဝမြေဩဇာထုတ်လုပ်ခြင်းလုပ်ငန်း ကြည့်ရှုအားပေး


21 Nov,2022

နေပြည်တော် နိုဝင်ဘာ ၂၀

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ပြည်နယ်ဦးစီးမှူးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် ယနေ့မွန်းလွဲပိုင်းက ရှမ်းပြည်နယ်(တောင်ပိုင်း) ကလောခရိုင်၊ ညောင်ရွှေမြို့နယ်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း VDP ဖြင့် ဆောက်လုပ်ခဲ့သော အိမ်ခြေ(၁၃၉)အိမ်၊ လူဦးရေ (၇၁၉) ဦးအတွက် အကျိုးပြုစေမည့် လူကူး တံတားတည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအား ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ညောင်ရွှေမြို့နယ်၊ ငါးဖယ်ချောင်းကျေးရွာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေဖြင့် ဗေဒါ သဘာဝမြေဩဇာထုတ်လုပ်နေသော အားမန်သစ်စိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်းသမဝါယမ အသင်း၏ အင်းပါဝါ ဗေဒါသဘာဝ မြေဩဇာထုတ်လုပ်ခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးရာ အသင်း ဥက္ကဋ္ဌက လုပ်ငန်းဆောင်ရွက်နေမှုများ ရှင်းလင်းတင်ပြမှုအပေါ် ဒုတိယဝန်ကြီးက သမဝါယမအသင်း ဖွဲ့စည်းဆောင်ရွက်ခြင်းဖြင့် လုပ်ငန်းများ ပိုမိုထိရောက် အောင်မြင်နိုင်မည်ဖြစ်ပါကြောင်း၊ လိုအပ်သည့် အရင်းအနှီး၊ နည်းပညာ၊ စက်ကိရိယာများအတွက် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားကာ ဗေဒါသဘာဝမြေဩဇာ ထုတ်လုပ်နေမှုအား ကြည့်ရှုအားပေးခဲ့သည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ညောင်ရွှေမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေလွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက်ပြီး ဟဲယာရွာမကျေးရွာအုပ်စု၊ ကလေးကြီးကျေးရွာရှိ အိမ်ခြေ (၁၀၉) အိမ်၊ လူဦးရေ (၄၂၄) ဦးအတွက် မြစိမ်းရောင်စီမံကိန်းရန်ပုံငွေကျပ်သိန်း (၃၀၀) အား လွှဲပြောင်း ပေးအပ်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာသားများက လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ဆက်လက်၍ ကျေးရွာမှ တင်ပြလာသော ဟဲယာရွာမလမ်း အရှည် (၃/၇) မိုင်အား အဆင့်မြှင့်တင်ပေးနိုင်ရေးအတွက် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

          ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ညောင်ရွှေမြို့ရှိ ရှမ်းပြည်နယ်သမဝါယမအသင်း စုချုပ်က ဆောင်ရွက်နေသော ဗေဒါသဘာဝမြေဩဇာထုတ်လုပ်ရေးလုပ်ငန်းသို့ ရောက်ရှိပြီး လုပ်ငန်း ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးကာ လုပ်ငန်းများ စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက် ရေး တိုက်တွန်းမှာကြားခဲ့ကြောင်း သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm