Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

စစ်ကိုင်းတိုင်းဒေသကြီး၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ကျေးလက်လမ်း ၆၈/၅ ဒဿမ ၃၃ မိုင်နှင့် တံတား ၃၁ စင်း ဆောင်ရွက်လျက်ရှိ


21 Nov,2022

မုံရွာ နိုဝင်ဘာ ၁၉

               စစ်ကိုင်းတိုင်းဒေသကြီး သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာန၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ပထမခြောက်လပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းတည့် ၁၂ နာရီတွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ)ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး ဦးဉာဏ်မြင့်ကျော်က အမှာစကားပြောကြားသည်။

                   အလားတူ စစ်ကိုင်းတိုင်းဒေသကြီး တာဝန်ခံ ဦးသန်းဝင်းခိုင်က ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ပထမ ခြောက်လပတ် လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြပြီး ခရိုင်/မြို့နယ် တာဝန်ခံများက မိမိခရိုင်/ မြို့နယ်အသီးသီးတွင် ဆောင်ရွက်သည့် လုပ်ငန်းစဉ် များကို ရှင်းလင်းတင်ပြသည်။

                  ထိုနောက် တိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနအနေဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စု(မူလ) ခွင့်ပြုရန်ပုံငွေကျပ် ၂၆၅၁ ဒဿမ ၃၈၀ သန်းဖြင့် ကွန်ကရစ်လမ်း ၇ ဒဿမ ၇၄၃ ကီလိုမီတာ၊ ကတ္တရာလမ်း ၂ ဒဿမ ၀၃၄ ကီလိုမီတာ၊ ကျောက်လမ်း ၈ ဒဿမ ၆၁၀ ကီလိုမီတာ၊ မြေသားလမ်း ၀ ဒဿမ ၁၆၇ ကီလိုမီတာ စုစုပေါင်း ၁၈ ဒဿမ ၅၅၄ ကီလိုမီတာနှင့် တံတား ၁၀ စင်း တိုင်း‌ဒေသကြီး (မူလ) ခွင့်ပြုရန်ပုံငွေကျပ် ၉၀၇၅ ဒဿမ ၅၀၂ သန်းဖြင့် ကွန်ကရစ်လမ်း ၂၂ ဒဿမ ၈၉၆ ကီလိုမီတာ ဂျင်းလမ်း ၁၇ ဒဿမ ၁၅၀ ကီလိုမီတာ၊ မြေသားလမ်း ၄၀ ဒဿမ ၆၂၂ ကီလိုမီတာ ပေါင်း ၁၁၀ ဒဿမ ၅၀၅ ကီလိုမီတာနှင့် တံတား ၃၁ စင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

                                                                                                                                                                                                                                                       ယွန်း(မုံရွာ၊ကိုယ်ပွား)

 

 

                                                                                                                                              ၂၀-၁၁-၂၀၂၂ ရက်နေ့ထုတ်မြန်မာ့အလင်းသတင်းစာမှ ကောက်နုတ်ဖော်ပြအပ်ပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm