Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရေဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်


19 Nov,2022

နေပြည်တော် နိုဝင်ဘာ ၁၈

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ပြည်နယ်ဦးစီးမှူးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းက ရှမ်းပြည်နယ်(တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်‌ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ရုံးတွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးဥက္ကဋ္ဌ ဦးအာကာလင်းနှင့် တွေ့ဆုံကာ ဒေသအတွင်း အကောင်အထည်ဖော် ဆောင်ရွက်နေသော ခေတ်မီစံပြကျေးရွာစီမံကိန်းလုပ်ငန်းများ၊ နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ညှိနှိုင်းဆွေးနွေးကြသည်။

ဆက်လက်၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးမောင်မောင်ဝင်း က ပင်းတယမြို့နယ်မှ အင်းပက်လက်၊ နန်းပလန်၊ သရက်ပြားနှင့် သစ်အယ်ပင်ကျေးရွာ (၄) ရွာ၊ ကလောမြို့နယ်မှ ဘော်ဆုံကျေးရွာ၊ စုစုပေါင်းကျေးရွာ (၅) ရွာ၏ ရေပေးရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေအား ရှင်းလင်းတင်ပြမှုအပေါ် ဒုတိယဝန်ကြီး ဦးမြင့်စိုးနှင့် ဒေသ ဦးစီးဥက္ကဋ္ဌတို့က ဆောင်ရွက်ပြီးစီးသည့် စီမံကိန်းလုပ်ငန်းများ ရေရှည်တည်တံ့ရေးအတွက် တာဝန်ရှိသူအသီးသီးက ကြီးကြပ်ကွပ်ကဲ ဆောင်ရွက်သွားရန်နှင့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများအား ပိုမိုထိရောက်အောင်မြင်စေရန် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် မှာကြားခဲ့ကြသည်။

ထို့နောက် ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ ဒေသဦးစီးဥက္ကဋ္ဌ ဦးအာကာလင်းနှင့် အဖွဲ့သည် ပင်းတယမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေ ဖြင့် တည်ဆောက်နေသော (၅၈’x၅၃’x၂၄’) RC (၂) ထပ် ရုံးအဆောက်အဦ ဆောက်လုပ်နေမှုနှင့် ပွေးလှ-တမဲ ကျေးရွာချင်းဆက်လမ်း ကတ္တရာခင်းခြင်းလုပ်ငန်းတို့အား ကြည့်ရှုစစ်ဆေးရာ မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်း တင်ပြမှုအပေါ် ဒုတိယဝန်ကြီးနှင့် ဒေသဦးစီးဥက္ကဋ္ဌတို့က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

ထိုမှတစ်ဆင့် ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ ဒေသဦးစီးဥက္ကဋ္ဌ ဦးအာကာလင်းနှင့်အဖွဲ့သည် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသအတွင်း ခေတ်မီစံပြကျေးရွာ (SMART Village) အဖြစ် အကောင်အထည်ဖော် ဆောင်ရွက်နေသော ပင်းတယမြို့နယ်၊ ကျားကုန်းကျေးရွာသို့ ရောက်ရှိပြီး ဒေသခံပြည်သူများနှင့် တွေ့ဆုံရာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးက အကောင်အထည်ဖော် ဆောင်ရွက်ဆဲလုပ်ငန်းများ၊ ဆောင်ရွက်ပြီးစီးသောလုပ်ငန်းများ၊ ဆက်လက်ဆောင်ရွက်မည့် စံပြကျေးရွာစီမံကိန်းလုပ်ငန်းများအား ရှင်းလင်းတင်ပြမှုအပေါ် ဒုတိယဝန်ကြီးက သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ မူဝါဒ၊ ရည်မှန်းချက်နှင့် လုပ်ငန်းစဉ်များ၊ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးရှိ ကျေးရွာပေါင်း(၄၅)ရွာ တွင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဒေသထွက်ကုန်ခြေခံသော  ခေတ်မီစံပြကျေးရွာများ ထူထောင်ပေး နေမှုများကို ရှင်းလင်းပြောကြားပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် စီမံကိန်းလုပ်ငန်းများအား သတ်မှတ်ကာလ အချိန်မီ ပြီးစီးရေး မှာကြားသည်။  ဒေသဦးစီးဥက္ကဋ္ဌက ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ဆောင်ရွက်နေသော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ရှင်းလင်းပြောကြားသည်။ ယင်းနောက် ဒေသခံပြည်သူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ ဒေသဦးစီးဥက္ကဋ္ဌ ဦးအာကာလင်းနှင့်အဖွဲ့သည် ခေတ်မီစံပြကျေးရွာအတွင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ကျေးလက်စီးပွား မြှင့်တင်ရေး ရန်ပုံငွေ(RBF)ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေသော ဝက်မွေးမြူရေးလုပ်ငန်း၊ အာလူးကြော်လုပ်ငန်းနှင့် နွားမွေးမြူရေးလုပ်ငန်းတို့အား ကြည့်ရှုစစ်ဆေးကာ လုပ်ငန်း တိုးချဲ့ဆောင်ရွက်ရေးအတွက် လိုအပ်သည့် ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် ဒုတိယဝန်ကြီး ဦးမြင့်စိုးနှင့်အဖွဲ့သည် အိမ်ခြေ(၁၄၄)အိမ်၊ လူဦးရေ(၆၈၄)ဦး၊ စိုက်ပျိုးဧက(၄၀၀)အတွက် အကျိုးပြုးစေမည့် အရှည်(၁)မိုင်(၂)ဖာလုံရှိသော ကလောမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်ပြီးစီးခဲ့သော လေးအိမ်ကုန်းကျေးရွာ ကုန်းထုတ်လမ်းအား ကြည့်ရှု့စစ်ဆေးရာ တာဝန်ခံအင်ဂျင်နီယာက လုပ်ငန်းဆောင်ရွက်ပြီးစီးခဲ့မှု အား ရှင်းလင်းတင်ပြပြီးနောက် ဆက်လက်ဆောင်ရွက်ပေးမည့် ကုန်ထုတ်လမ်းများနှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေးမှာကြားသည်။

ထိုမှတဆင့် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတွင် မှတ်ပုံတင်ဆောင်ရွက်နေသော ညောင်ရွှေမြို့နယ် မြင့်မိုရ်နန်းစားသောက်ကုန်ထုတ်လုပ်မှု လုပ်ငန်း အား ကြည့်ရှု့လေ့လာရာ လုပ်ငန်းရှင်၏ လုပ်ငန်းလိုအပ်ချက်များ တင်ပြမှုအပေါ် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် အေးသာယာစက်မှုဇုန်ရှိ တောင်ကြီးမြို့နယ် သမဝါယမအသင်းစုပိုင် မြမဉ္ဇူဆီစက်အား ကြည့်ရှု့စစ်ဆေးရာ မြို့နယ်အသင်းစုဉက္ကဌ ဦးမောင်မောင်သန်းက လုပ်ငန်းဆောင်ရွက်နေမှုများ ရှင်းလင်းတင်ပြမှုအပေါ် ဒုတိယဝန်ကြီးက ဆီ စက်အတွက် လိုအပ်သော ကုန်ကြမ်းများ စဉ်ဆက်မပြတ်ရရှိရေး၊ ကျန်းမာရေးနှင့် ညီညွတ်ပြီး အရည်အသွေးပြည့်မီသော ဆီများထုတ်လုပ်နိုင်ရေး မှာကြားခဲ့ကြောင်း သိရသည်။ 


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm