Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲ(ဒါဘာ)အခမ်းအနား


16 Nov,2022

နေပြည်တော်၊ နိုဝင်ဘာ ၁၆

       (၁၆.၁၁.၂၀၂၂)ရက်နေ့၊ (၁၄:၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့သော အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ဌာနတွင်းဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲအခမ်းအနားကို အစီအစဉ် (၉)ရပ်ဖြင့်ကျင်းပပြုလုပ်ခဲ့ပါသည်။

         ညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကားပြောကြားရာ ယခုကျင်းပပြုလုပ်သည့် ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲအခမ်းအနားတွင် ဝန်ထမ်းများ မဖြေရှင်းနိုင်သောကိစ္စရပ်များ၊ အခက်အခဲများကို တင်ပြစေလိုကြောင်း၊ ဌာန၏လုပ်ငန်းများ ဆောင်ရွက်ရာတွင် စည်းကမ်း စနစ်တကျ အားထုတ်ဆောင်ရွက်ကြစေလိုကြောင်း၊ ဌာန၌ ဝန်ထမ်းအင်အားနည်းသော်လည်း တစ်ဦးချင်းစွမ်းအားရှိစွာစနစ်တကျဆောင်ရွက်လျှင် လုပ်ငန်းများ အောင်မြင်မည်ဖြစ်ကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် ဝန်ထမ်းအချင်းချင်း အထက်အောက်လေးစားစွာဆက်ဆံ ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ ခင်မင်ရင်းနှီးမှုကို အမြတ်မထုတ်ကြရန်လိုအပ်ကြောင်း၊ ဌာနနှင့်နိုင်ငံတော်အပေါ်၌ သစ္စာရှိစွာဖြင့် လုပ်ငန်းများဆောင်ရွက်ကြရန်လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။

        ဒုတိယညွှန်ကြားရေးမှူးချုပ်(စီမံ)က အချက်(၃)ချက် ဆွေးနွေးတင်ပြလိုကြောင်း၊ ဝန်ထမ်းများ အနေဖြင့် ကိုယ်ရေးကိုယ်တာကိစ္စများကို လျှော့ချပြီး အတ္တနှင့်ပရမျှတအောင် နေထိုင်ကြရန်လိုအပ်ကြောင်း၊ ဒုတိယအချက်အနေဖြင့် ခွင့်ပြုချက်ရ၍ နေရပ်သို့ခွင့်ပြန်ပါက နယ်မြေတည်ငြိမ် အေးချမ်းမှုရှိမှ သွားရောက်စေလိုကြောင်း၊ တတိယအချက်အနေဖြင့် ရုံးဝန်ထမ်းများဖြစ်၍ ရုံးစာ ရေးသားနည်းများကို ကျွမ်းကျင်ပိုင်နိုင်စွာဆောင်ရွက်နိုင်ရန်လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။

        ဒုတိယညွှန်ကြားရေးမှူးချုပ်(နည်းပညာ)က ဆွေးနွေးတင်ပြရာတွင် ဘဝအောင်မြင် ရေးအတွက် ကြိုးစားဆောင်ရွက်လိုသည့်စိတ်ဓါတ်သည် အရေးကြီးကြောင်း၊ အောင်မြင်သော ဘဝရရှိရေးအတွက် ပညာသည် အရေးကြီး၍ လေ့လာဆည်းပူးစေလိုကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင် ထိုးထွင်းကြံဆ၍ လုံ့လဝီရိယစိုက်ထုတ်၍ ဆောင်ရွက်စေလိုကြောင်း၊ ရေရှည်အောင်မြင်တိုးတက်ရန်အတွက် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးသည် အရေးကြီး၍ ဘဝအောင်မြင်ရေးအတွက် အလေးထားဆောင်ရွက်စေလိုကြောင်း၊ သို့မှသာ အောင်မြင်သော ဘဝ၊ ပျော်ရွှင်သောဘဝကို ရရှိမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

        ဆက်လက်၍ အခမ်းအနားတက်ရောက်လာသည့် ဝန်ထမ်း(၄၈)ဦးအနက်မှ ဌာနခွဲအလိုက် တင်ပြရန် ရှိသည်များ တင်ပြကြမှုအပေါ် ညွှန်ကြားရေးမှူးချုပ်က ဆောင်ရွက်ပေးသင့်သည်များကို ဖြေရှင်းဆောင်ရွက်ပေးရန် တာဝန်ရှိသူများအား ကဏ္ဍအလိုက် လမ်းညွှန်မှာကြားခဲ့ပါသည်။

        ညွှန်ကြားရေးမှူးချုပ်မှ နိဂုံးချုပ်အမှာစကားပြောကြားရာတွင် ဌာနအနေဖြင့် ဝန်ထမ်းများ သက်သာချောင်ချိရေးလုပ်ငန်းများအဖြစ် မွေးမြူရေးလုပ်ငန်းများဆောင်ရွက်လျက် ရှိရာ အထိုက်အလျောက်ဖြစ်ထွန်းသော်လည်း အမြတ်ငွေများများဖြင့် အောင်မြင်မှုရရှိရန် လိုအပ်နေကြောင်း၊ MCRD အရောင်းဆိုင်မှ ရောင်းချခြင်းလုပ်ငန်းသည်လည်း အောင်မြင်မှုရရှိ နေပြီဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် လုပ်ငန်းများထိထိရောက်ရောက်အောင်မြင်စွာဆောင် ရွက်နိုင်ပြီးဌာနအကျိုး၊ နိုင်ငံတော်အကျိုးကို ကောင်းစွာဆောင်ရွက်နိုင်သော ပညာတတ်များ ဖြစ်လာစေရန် လေ့လာ၊ တွေးခေါ်ပြီး မှန်ကန်သောဆုံးဖြတ်ချက်များ ချမှတ်ဆောင်ရွက်နိုင်သော ဝန်ထမ်းကောင်းများဖြစ်စေလိုကြောင်းပြောကြားခဲ့ပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm