ရပ်စောက်၊ နိုဝင်ဘာ ၁၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ် အလည်ချောင်ကျေးရွာအုပ်စု၊ တောယား ကျေးရွာရှိ ရွှေချင်းစိမ်းမျိုးစေ့ထုတ်သမဝါယမအသင်းမှ အသင်းသားပိုင်မြေ ၁၀၀ ဧကပေါ်တွင် အရည်အသွေးကောင်းမွန်သည့် မျိုးကောင်းမျိုးသန့်ချင်း(ဂျင်း)များ စိုက်ပျိုးထားရှိပြီး တစ်ဧကလျှင် ပျှမ်းမျှ ချင်းပိဿာချိန် ၃၀၀၀ မှ ၃၅၀၀ ကြား ထွက်ရှိနိုင်သည်။
ချင်း(ဂျင်း)များ ထွက်ရှိပါက မြို့နယ်သမဝါယမအသင်းစုများ၊ သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်သမဝါယမအသင်းစုချုပ်များနှင့် ချိတ်ဆက်၍ သမဝါယမလမ်းကြောင်းမှတစ်ဆင့် ဖြန့်ဖြူး ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်