Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ညောင်လေးပင်မြို့နယ် ပိန်းဇလုပ်ရွာမကျေးရွာ ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်နေမှု ကွင်းဆင်းစစ်ဆေး


14 Nov,2022

ညောင်လေးပင် နိုဝင်ဘာ ၁၄

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာနှစ် ခွင့်ပြု ရန်ပုံငွေကျပ် ၁၃၁ ဒသမ ၃၉ သန်းဖြင့် အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ပိန်းဇလုပ်ရွာမကျေးရွာ ကျေးလက်ကုန်ထုတ်လမ်းဖောက်လုပ်နေမှု အခြေအနေများကို ယနေ့နံနက် ၉ နာရီ အချိန်က ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ညောင်လေးပင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသန့်ဇင်အောင်နှင့် တာဝန်ခံအင်ဂျင်နီယာဝန်ထမ်းများက သက်ဆိုင်ရာ ကုမ္ပဏီမှ တာဝန်ရှိသူများ၊ ကျေးရွာလမ်း ကော်မတီဝင်များနှင့်အတူ ပိန်းဇလုပ်ရွာမကျေးရွာ ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်‌နေမှု အခြေအနေများကို ကြည့်ရှု စစ်ဆေးပြီး သတ်မှတ် စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး ဆွေးနွေးမှာကြားပါသည်။

အဆိုပါ ပိန်းဇလုပ်ရွာမကျေးရွာ ကျေးလက်ကုန်ထုတ်လမ်း အရှည် တစ်မိုင်  ၁ ဒသမ ၇၈ဖာလုံ၊ အကျယ် ၁၂ ပေ၊ အမြင့် ကိုးလက်မထု ဂဝံခင်းခြင်းလုပ်ငန်းနှင့် ကုန်ထုတ်တံတားအဖြစ် Box Culvert တစ်စင်းတည်ဆောက်ခြင်းလုပ်ငန်းတို့ ကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခွင့်ပြုရန်ပုံငွေကျပ် ၁၃၁ ဒသမ ၃၉ သန်းဖြင့် ဩဂုတ်လမှ စတင်အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယခုအခါ ၄၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီဖြစ်သည်။

အဆိုပါ ပိန်းဇလုပ်ရွာမကျေးရွာ ကျေးလက်ကုန်ထုတ်လမ်းဆောင်ရွက်ပြီးပါက  ကျေးရွာရှိ အိမ်ခြေ ၇၉ အိမ်၊ လူဦးရေ ၄၃၅ ဦး တို့၏ စိုက်ပျိုးမြေဧက ၆၆၇ ဧကကျော်ကို အကျိုးပြုနိုင်မှာဖြစ်ပြီး အဆိုပါ စိုက်ပျိုးမြေဧကများမှ ထွက်ရှိသော ထုတ်ကုန်၊ ထွက်ကုန်များအား ဈေးကွက်အတွင်းသို့ ကုန်ကျစရိတ် သက်သာစွာ အလွယ်တကူသယ်ယူ ပို့ဆောင်နိုင်မှာဖြစ်ကြောင်း သိရသည်။

သန်းလွင်(မကွေး)


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm