ပဲခူး၊ နိုဝင်ဘာ ၁၄
ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ကျောက်တံခါးမြို့နယ် မင်းတန်းစိုက်ပျိုးရေးနှင့်အထွေထွေ လုပ်ငန်းသမဝါယမအသင်းလီမိတက်မှ အသင်းသားပိုင်လယ်ယာမြေ ၁၄ ဧကတွင် ဆင်းသုခစပါး ထွန်ယက်စိုက်ပျိုးခဲ့ပြီး ယခုအခါ ရိတ်သိမ်းချိန်တွင် တစ်ဧကပျမ်းမျှအထွက်နှုန်း တင်း ၆၀ ထွက်ရှိ သည်။
ထို့ပြင် တောင်ငူမြို့နယ်ရှိ စိတ္တသုခစိုက်ပျိူရေးနှင့်အထွေထွေသမဝါယမအသင်း၊ ထက်အောင်စိုက်ပျိူရေးနှင့်အထွေထွေသမဝါယမအသင်းနှင့် ပန်းတိုင်စိုက်ပျိူရေးနှင့်အထွေထွေ သမဝါယမအသင်းများ၏ အသင်းသားပိုင်ဆိုင်ဧက ၇၀ တွင် ဗျော့ထွန်းစပါးကို စိုက်ပျိုးခဲ့ပြီး ရိတ်သိမ်းချိန်တွင် တစ်ဧကပျမ်းမျှအထွက်နှုန်း တင်း ၇၀ မှ တင်း ၁၀၀ အထိ ထွက်ရှိသည်။
ဒိုက်ဦးမြို့နယ် မျိုးဆက်သစ်မျိုးစေ့ထုတ်လုပ် ဖြန့်ဖြူးရောင်းချရေးသမဝါယမအသင်း လီမိတက်၏ အသင်းသားတောင်သူများပိုင်ဆိုင်သောစိုက်ဧက ၂၀၀ ပေါ်တွင် ဆင်းသုမျိုးစပါးများ စိုက်ပျိုးထားရှိရာ တစ်ဧကပျှမ်းမျှအထွက်နှုန်း ၈၁.၃၀ တင်းထွက်ရှိကာ မျိုးသန့်စပါးများ ရောင်းချ လျက်ရှိကြောင်းသိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်