Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၏ Learning Management System Presentation And Demonstration နှင့် အရည်အသွေးစစ်ဆေးခြင်း


11 Nov,2022

သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၏ Learning Management System Presentation And Demonstration နှင့် အရည်အသွေးစစ်ဆေးခြင်း
သမဝါယမ နှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၌ (၉.၁၁.၂၀၂၂) ရက်နေ့ နံနက်ပိုင်း (၁ဝး၀၀)နာရီတွင် Learning Management System Presentation And Demonstration ကို Conference Room တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီ၊ ဒုတိယပါမောက္ခချုပ်(စီမံ) ဦးဝင်းနိုင်ထွန်း၊ သင်ကြားရေးဌာန (၁၁)ဌာနမှ ပါမောက္ခ(ဌာနမှူး)၊ တွဲဖက်ပါမောက္ခ(ဌာနမှူး)များ၊ စီမံရေးရာနှင့် သင်တန်းရေးရာ တို့မှ ဌာနမှူးများ၊ တည်ဆောက်ရေးလုပ်ငန်းများ အရည်အသွေး စစ်ဆေးရေး နှင့် လက်ခံရေး ကော်မတီဝင်များဖြစ်သည့် ဒေါ်ယဉ်ယဉ်ဆွေ (ခရိုင်ဦးစီးမှူး၊ ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးရေး ဦးစီးဌာန) နှင့် ဦးမြင့်လေး၊ ဦးစီးအရာရှိ၊ မြို့နယ် သမဝါယမဦးစီးဌာန၊ Global Link Asia Myanmar Co;Ltd မှ ဦးထိန်လင်းအောင် (Software စီမံကိန်းတာဝန်ခံ)၊ ဦးမျိုးသန့်ဇော် (Networking Engineer) တို့ နှင့် တာဝန်ရှိသူများ တက် ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီမှ အဖွင့်အမှာစကား ပြော ကြားခဲ့ပြီး ဦးထိန်လင်းအောင် (Software စီမံကိန်းတာဝန်ခံ)မှ  Learning Management System Software ပိုင်း ဆောင် ရွက်ပြီးစီးမှုကို Presentation တင်ပြခဲ့ပြီး သရုပ်ပြသ လက်တွေ့ဆောင်ရွက်ခဲ့ပြီးနောက် ဦးမျိုးသန့်ဇော် (Networking Engineer)မှ Network ပိုင်း တပ်ဆင်ပြီးစီးမှုကို Presentation ဖြင့် ပြသတင်ပြခဲ့ပါသည်။  ဆက်လက်၍  အစည်းအဝေး တက်ရောက်သူများက သိလိုသည် များနှင့် ထပ်မံဖြည့်သွင်းရန် လိုအပ်သည်များအား ဝိုင်းဝန်း ဆွေးနွေးခဲ့ကြပြီးနောက် မွန်းလွဲ (၁း၀၀)နာရီတွင် အခမ်းအနား အောင်မြင်စွာပြီးစီး ခဲ့ပါသည်။ ထို့နောက် ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီ ဦးဆောင်၍ တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီအဖွဲ့ဝင်များနှင့် အရည်အသွေးစစ်ဆေးရေးနှင့်လက်ခံရေးကော်မတီဝင်များနှင့်အတူ Learning Management System Network ပိုင်း တပ်ဆင်ပြီးစီးမှုကို လိုက်လံကြည့်ရှုခဲ့ပြီး လိုအပ်သည်များ မှာကြားခဲ့ပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm