Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမအသင်းသားပြည်သူများသို့ အခြေခံစားကုန်နှင့် လူသုံးကုန်ပစ္စည်းများ ရောင်းချ


09 Nov,2022

ရန်ကုန်၊ နိုဝင်ဘာ ၈

ရန်ကုန်တိုင်းဒေသကြီးအတွင်း သမဝါယမအရောင်းဆိုင်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်၍ စဉ်ဆက်မပြတ်လုပ်ငန်းများ လည်ပတ်နိုင်စေရန်နှင့် စားသုံးသူအသင်းသားပြည်သူများသို့ အခြေခံ စားကုန်များ ဈေးနှုန်းသက်သာစွာ ဖြန့်ဖြူးရောင်းချနိုင်စေရန် ရန်ကုန်တိုင်းဒေသကြီးသမဝါယမ ဦးစီးဌာန၏ ပေါင်းစပ်ညှိနှိုင်းချက်အရ မြန်မာနိုင်ငံဆန်ကုန်သည်ကြီးများအသင်းမှ ပေါ်ဆန်း ၂၄ ပြည်ပါ ဆန်အိတ် ၅၆၆ တန်ဖိုးငွေကျပ် ၃၆၉.၀၁ သိန်းနှင့် ပခုက္ကူဒေသထွက် မြေပဲဆီသန့်ပိဿာ ချိန် ၄၄၆ တန်ဖိုးငွေကျပ် ၅၇.၉၈ သိန်း၊ စုစုပေါင်းငွေကျပ် ၄၂၆.၉၉ သိန်းအား ရန်ကုန်တိုင်း ဒေသကြီးအတွင်း မြို့နယ်များရှိ သမဝါယမအသင်းသားများနှင့် အများပြည်သူများသို့ No Profit, No Loss နှင့်အညီ ဈေးနှုန်းသက်သာစွာ ဖြန့်ဖြူးရောင်းချပေးခဲ့ကြောင်း သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm