Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ခရီးစဉ်တွေ့ဆုံပွဲအခမ်းအနားကျင်းပ


04 Nov,2022

ရက်စွဲ၊၄.၁၁.၂၀၂၂

တနင်္သာရီတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီဌာန အစည်းအဝေးခန်းမ၌ (၄.၁၁.၂၀၂၂) ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာသမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးလှမိုးက  တွေ့ဆုံပွဲအခမ်းအနား၌ အမှာစကားပြောကြားရာတွင် သမဝါယနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအနေဖြင့် ကျေးလက်နေပြည်သူများအား ဝင်ငွေတိုးပွားလာအောင်နှင့်လူမှုစီးပွားဘဝမြင့်မားလာအောင်ဆောင်ရွက်ပေးရမည့် အဓိကဝန်ကြီးဌာနဖြစ်သည့်အတွက် ဝန်ကြီးဌာနအောက်တွင်ပါရှိသောဦးစီးဌာန(၄)ခုတို့ပေါင်းစပ်ညိှနှိုင်းပူးပေါင်းဆောင်ရွက်မှသာ ပိုမိုအောင်မြင်မည်ဖြစ်ကြောင်းပြောကြားပါသည်။

သမဝါယမဦးစီးဌာနအနေဖြင့်ချေးငွေများထုတ်ချေးရာတွင်အမှန်တကယ်လုပ်ငန်းဆောင်ရွက်လိုသည့်ပုဂ္ဂိုလ်များကိုသာရွေးချယ်၍သမအသင်းစုအားစနစ်တကျဖွဲ့စည်းဆောင်ရွက်စေလိုကြောင်း၊သမချေးငွေများကိုကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှဆောင်ရွက်နေသည့်မြစိမ်းရောင်စီမံကိန်းချေးငွေချေးပေးသကဲ့သို့စံနမူနာရယူ၍ချေးငွေများကိုလည်းအရင်းမပျောက်စေရေးအတွက်ဆောင်ရွက်စေလိုကြောင်း၊မွေးမြူရေးလုပ်ငန်းများဆောင်ရွက်ရာတွင်လည်းဒေသနှင့်ကိုက်ညီသောဒေသထွက်ကုန်ဖြင့်လုပ်ငန်းများဆောင်ရွက်စေလိုပါကြောင်း၊စိုက်ပျိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင်နွေစပါးသီးနှံစိုက်ပျိုးပြီးသည်နှင့်အခြားသီးနှံများဆက်လက်စိုက်ပျိုးနိုင်ရေးအားအသင်းစုများအနေဖြင့်စီမံဆောင်ရွက်ရန်လိုအပ်ကြောင်းမှာကြားခဲ့ပါသည်။

အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့်လည်းသင်တန်းများဖွင့်လှစ်ရာတွင်ကျေးလက်နေပြည်သူများအတွက်အမှန်တကယ်အသုံးဝင်သည့်သင်တန်းအမျိုးအစားများကိုသာရွေးချယ်ဖွင့်လှစ်ပေးစေလိုကြောင်း၊သင်တန်းဖွင့်လှစ်ပြီးပါကထူးချွန်သောသင်တန်းသား/သူများအားလိုအပ်သောအရင်းအနှီးများအတွက်သက်ဆိုင်ရာဦးစီးဌာနနှင့်ချိတ်ဆက်ပြီးချေးငွေဖြင့်အရင်းအနှီးစိုက်ထုတ်ပေးရန်လိုအပ်ပါကဆောင်ရွက်ပေးရန်နှင့်ထုတ်ကုန်အဖြစ်ကုန်ကြမ်းများအတွက် လိုအပ်သည်များကိုချိတ်ဆက်ဆောင်ရွက်ပေးမည်ဆိုပါကလုပ်ငန်းပိုမိုတွင်ကျယ်အောင်မြင်လာပြီးဝင်ငွေများတိုးပွားလာမည်ဖြစ်ကြောင်းမှာကြားခဲ့ပါသည်။

ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနအနေဖြင့်တင်ဒါလုပ်ငန်းများဆောင်ရွက်ရာတွင်သတ်မှတ်စံချိန်စံညွှန်းနှင့်အညီလုပ်ကိုင်ဆောင်ရွက်ရန်နှင့်ဌာနမှကြီးကြပ်၍သတ်မှတ်ကာလအတွင်းလုပ်ငန်းများပြီးစီးအောင်ကုမ္ပဏီများအား ဌာနမှအနီးကပ်ကြီးကြပ်တွန်းအားပေးဆောင်ရွက်စေလိုကြောင်းမှာကြားခဲ့ပါသည်။

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့်လုပ်ငန်းများဆောင်ရွက်ရာတွင်ကျေးလက်နေပြည်သူများ၏လိုအပ်ချက်များကိုမေးမြန်း၍လိုအပ်သည့်လုပ်ငန်းများဖြစ်သည့်ကျေးလက်လမ်းတံတား၊ရေပေးရေး၊မီးလင်းရေး၊မြစိမ်းရောင်၊ VDP၊အသက်မွေးဝမ်းကျောင်းလုပ်ငန်းစသည့်လုပ်ငန်းများကိုဦးစားပေးဆောင်ရွက်ပေးစေလိုကြောင်းမှာကြားခဲ့ပါသည်။

ကျေးလက်နေပြည်သူများ၏မိသားစုဝင်ငွေရရှိရေးနှင့်အလုပ်အကိုင်အခွင့်အလမ်းများရရှိပြီးလူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာစေရေးအတွက်သမဝါယမဝန်ကြီးဌာနအောက်ရှိဦးစီးဌာန(၄)ခုတို့မှပေါင်းစပ်ညှိနှိုင်းဆောင်ရွက်စေလိုကြောင်း၊ဦးစီးဌာနများအနေဖြင့်စီမံကိန်းလုပ်ငန်းများဆောင်ရွက်ရာတွင်နှောင့်နှေးကြန့်ကြာမှုမရှိအောင်အလေးထားဆောင်ရွက်စေလိုကြောင်း၊လုပ်ငန်းများဆောင်ရွက်ရာတွင်လည်းလမ်းပန်းဆက်သွယ်ရေးနှင့်လုံခြုံရေးကောင်းမွန်သည့်နေရာများရွေးချယ်၍လုပ်ကိုင်ဆောင်ရွက်စေလိုကြောင်းမှာကြားခဲ့ပါသည်။

အဆိုပါ အခမ်းအနားအားသမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအောက်ရှိ တနင်္သာရီဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊သမဝါယမဦးစီးဌာန၊အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနတို့မှဝန်ထမ်းစုစုပေါင်း အင်အား(၃၆)ဦး တို့တက်ရောက်ခဲ့ပြီး၊ အခမ်းအနားကို နံနက်(၁၁:၃၀) တွင် ရုပ်သိမ်းခဲ့ပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm