Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

၆၇ နှစ်မြောက် ကရင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဘားအံမြိုနယ်၌ ကျေးရွာဘက်စုံသုံးခန်းမနှင့် အိမ်တိုင်ရာရောက်ရေပေးရေးစနစ်ဖွင့်ပွဲကျင်းပ


02 Nov,2022

ဘားအံ နိုဝင်ဘာ ၂

၆၇ နှစ်မြောက် ကရင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကရင်ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ၂၀၂၂-၂၀၂၃ခု ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP) ထောက်ပံ့ရန်ပုံငွေ၊ ငွေလုံးငွေရင်း ခွင်ပြုရန်ပုံငွေတို့ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် ဘားအံမြို့နယ်၊ ကော့ဒါန်းမယ်ကျေးရွာ၌ ကျေးရွာဘက်စုံသုံးခန်းမနှင့် စက်ရေတွင်း (အိမ်တိုင်ရာရောက်ရေပေးရေးစနစ်)ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီ အချိန်က အဆိုပါ ကျေးရွာ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက အဖွင့်အမှာစကား ပြောကြားပါသည်။

ဆက်လက်၍ ကရင်ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးရန်မျိုးနိုင်က ကျေးရွာ ဘက်စုံသုံးခန်းမနှင့် စက်ရေတွင်း(အိမ်တိုင်ရာရောက်ရေပေးရေးစနစ်) အကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများ ကို ရှင်းလင်းတင်ပြပြီး ကျေးရွာသူ ကျေးရွာသားများကိုယ်စား ကျေးရွာရပ်မိရပ်ဖ တစ်ဦးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားကာ ပြည်နယ်ဦးစီးမှူး ဦးရန်မျိုးနိုင်က ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများထံ ဖွင့်ပွဲအထိမ်းအမှတ်ပစ္စည်းများ ပေးအပ်ပါသည်။

ထို့နောက် ကျေးရွာဘက်စုံသုံးခန်းမနှင့် စက်ရေတွင်း(အိမ်တိုင်ရာရောက်ရေပေးရေးစနစ်) ဖွင့်ပွဲအခမ်းအနားမုဒ်ဦးကို  ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး မျိုးမင်းနောင်၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးခင်ဇော်၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးစောခင်မောင်မြင့်၊ ပြည်နယ်တရားသူကြီးချုပ်  ဒေါ်ခင်ဆွေထွန်းတို့ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပါသည်။

အဆိုပါ ကျေးရွာဘက်စုံသုံးခန်းမ အလျား ၅၀ ပေ၊ အနံ ၃၀ ပေ အမြင့် ၁၂ ပေ တည်ဆောက်ခြင်း လုပ်ငန်းကို  ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း ပံ့ပိုးရန်ပုံငွေ ကျပ်သိန်း ၁၀၀ ၊ ကျေးရွာနေပြည်သူ ထည့်ဝင်ငွေကျပ်သိန်း ၂၅၀ ၊ စုစုပေါင်းငွေကျပ်သိန်း ၃၅၀ ဖြင့်လည်းကောင်း စက်ရေတွင်းတူးဖော်ခြင်း၊ အမြင့်ရေစင်တည်ဆောက်ခြင်းနှင့် ရေစက်ရုံ အခန်းဖွဲ့ခြင်းလုပ်ငန်းများကို နိုင်ငံတော်ထောက်ပံ့ရန်ပုံငွေကျပ် ၃၆ ဒသမ ၅၆ သန်းဖြင့်လည်းကောင်း အကောင်အထည်ဖော် ဆောင်ရွက် ခဲ့ကြောင်းသိရသည်။

သန်းလွင်(မကွေး)


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm