Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

အခြေခံအိမ်တွင်းလျှပ်စစ်သွယ်တန်းနည်းပညာ(TOT)သင်တန်းဖွင့်လှစ်


01 Nov,2022

နေပြည်တော် နိုင်ဝင်ဘာ ၁

            အခြေခံအိမ်တွင်းလျှပ်စစ်သွယ်တန်းနည်းပညာ(TOT)သင်တန်းကို အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနရှိ Incubation Centre ၌ ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပရာ အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းတိုး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြ သည်။

          အခြေခံအိမ်တွင်းလျှပ်စစ်သွယ်တန်းနည်းပညာများကို တိုင်းဒေသကြီးနှင့်ပြည်နယ် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရုံးများ လက်အောက်၌ အသစ်တိုးချဲ့ဖွင့်လှစ်ခဲ့သော ခရိုင်ရုံးများတွင် တာဝန်ထမ်းဆောင်သည့် ဝန်ထမ်းများအား အရည်အသွေးပြည့်ဝသည့် သင်တန်းနည်းပြများအဖြစ် မွေးထုတ် ပေးနိုင်ရန်ရည်ရွယ် ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်သည်။

        သင်တန်းဖွင့်ပွဲတွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းတိုးက အခြေခံအိမ်တွင်းလျှပ်စစ်သွယ်တန်းနည်းပညာသင်တန်းသည် လျှပ်စစ်ဆိုင်ရာ အသက်မွေးဝမ်းကျောင်းနည်းပညာတစ်ခုဖြစ်ကြောင်း၊ လျှပ်စစ်ကိုကျေးလက်ဒေသနှင့် မြို့ပြများ၌ တွင်တွင် ကျယ်ကျယ် အသုံးပြုလာသည့်အတွက် အခြေခံလျှပ်စစ် သွယ်တန်းခြင်းပညာရပ်ကို ကျွမ်း ကျင်ပိုင်နိုင်စွာ တက်မြော က်ထားရမည်ဖြစ်ကြောင်း၊ ကိုယ်ပိုင်အလုပ်အကိုင်တစ်ခုအဖြစ် ထူထောင် နိုင်သည့် လုပ်ငန်းတစ်ခုဖြစ်ကြောင်း၊ ပြန်လည်သင်ကြားပို့ချပေးမည့် သင်တန်းသားများအနေဖြင့် စာတွေ့ လက်တွေ့ ကျွမ်းကျင်ပိုင်နိုင်စွာ တက်မြောက်အောင် သင်ယူကြစေလိုကြောင်း ပြောကြား သည်။

           ထို့နောက် ညွှန်ကြားရေးမှူး ဦးအောင်သင်းက သင်တန်းတွင် သင်ကြားပေးမည့် ဘာသာ ရပ်များနှင့် သင်တန်းဖွင့်လှစ်ပေးရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ အဆိုပါ သင်တန်း ကို တိုင်းဒေသကြီး၊ ပြည်နယ်ရုံးများ၊ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းများ၊ ခရိုင်ရုံးများမှ ဝန်ထမ်းများနှင့်ရုံးချုပ်မှ ဝန်ထမ်းများအား နိုဝင်ဘာလ ၁ ရက်နေ့မှ ၁၅ ရက်နေ့ထိ ရက်သတ္တပတ် ၂ ပတ်ကြာ စာတွေ့ လက်တွေ့ ဖွင့်လှစ် သင်ကြားပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm