Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဒုတိယဝန်ကြီး ဦးမြင့်စိုး မွန်ပြည်နယ်၊ မုဒုံမြို့နယ်ရှိ တစ်ပိုင်တစ်နိုင် ရာဘာလုပ်ငန်းများ ပိုမိုအောင်မြင်ရေး ကွင်းဆင်းဆောင်ရွက်


31 Oct,2022

နေပြည်တော် အောက်တိုဘာ ၃၀

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ပြည်နယ်ဦးစီးမှူးများနှင့် တာဝန်ရှိသူများ လိုက်ပါလျက်  ယနေ့နံနက် ပိုင်းက မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ တာပသွန်ကျေးရွာအုပ်စု၊ တာပသွန်ကျေးရွာတွင် သမဝါယမအသင်း ဖွဲ့စည်းတည်ဆောက်မည့် ဆန်စက်မြေနေရာအား ကြည့်ရှုစစ်ဆေးရာ သမဝါယမဦးစီးဌာန၊ ပြည်နယ် ဦးစီးမှူးနှင့် တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုအပေါ် လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့သည်။

ထိုမှတဆင့် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မုဒုံမြို့နယ်၊ ​ညောင်ကုန်း၊ ​တော်ကူး၊ တံခွန်တိုင်၊ ကြိုက်ရွဲ၊ က​လော့​သော့၊ ကွမ်လှာ ကျေးရွာ (၆) ရွာတို့မှ မုဒုံ​မြေအဆင့်မြင့်ရာဘာထုတ်လုပ်သူများ သမဝါယမအသင်း ဖွဲ့စည်းဆောင်ရွက်နေသော ရာဘာစိုက်တောင်သူများနှင့် တွေ့ဆုံ၍ တစ်ပိုင် တစ်နိုင် စိုက်ပျိုးထားသော ၎င်းတို့၏ရာဘာစိုက်ခင်းများမှ ရာဘာထုတ်လုပ်ရောင်းချရာတွင် အဆင့်လိုက် တွေ့ကြုံရသော အခက်အခဲများ၊ ယင်းအခက်အခဲများကို ဖြေရှင်းနိုင်မည့် နည်းလမ်း များအား ညှိနှိုင်းဆွေးနွေးကြသည်။

ယင်းနောက် အဆိုပါ မုဒုံ​မြေအဆင့်မြင့်ရာဘာထုတ်လုပ်သူများသမဝါယမအသင်း၊ အသင်းဝင်များ၏ ရာဘာစိုက်ပျိုးထုတ်လုပ်ခြင်းငန်းများအတွက် အရည်အသွေးကောင်းမွန်သော ရာဘာကြိတ်ပြားများ ထုတ်လုပ်နိုင်ရေး ပြုပြင်ဆောင်ရွက်ရန်အတွက် သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေထူထောင်ခြင်းစီမံကိန်း (RBF) ရန်ပုံငွေကျပ်သိန်း (၃၀၀) ပံ့ပိုးကူညီ ‌ထောက်ပံ့ပေးအပ် ခဲ့သည်။

ထို့နောက် တက်ရောက်လာသောကျေးရွာအလိုက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ တင်ပြကြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးပြီး တစ်ပိုင်တစ်နိုင် ရာဘာလုပ်ငန်း ဆောင်ရွက်နေမှုများအား လိုက်လံကြည့်ရှုခဲ့ကြောင်း သတင်းရရှိပါသည်။ 


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm