Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

The 18th ICDEC စာတမ်းဖတ်ပွဲအခမ်းအနား


31 Oct,2022

The 18th ICDEC စာတမ်းဖတ်ပွဲအခမ်းအနား

Conference Room                                                                                                                                                                                        28.10.2022 (ကြာသပတေးနေ့)

          Kyung Hee University College of Political Science and Economics, Seoul, Korea ၏ Conference Room တွင် (၂၈-၁၀-၂၀၂၂)နေ့က ကျင်းပပြုလုပ်သော 18th ICDEC စာတမ်းဖတ်ပွဲတွင် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)မှ Video Conference ဖြင့် Co-Host အဖြစ် ပါဝင် ကျင်းပနိုင်ခဲ့ပါသည်။ အဆိုပါ အခမ်းအနားအတွက် ယခုနှစ်၏ Conference Theme မှာ “Social Resilience and Mutual Cooperation Tasks after the Post-pandemic” ဖြစ်ပြီး မြန်မာ စံတော်ချိန် နံနက် (၁၀း၃၀)နာရီတွင် Opening Session ကို ကျင်းပခဲ့ပြီး ၎င်းSession တွင် Opening Remark and Congratulations အား သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (စစ်ကိုင်း)မှ ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီက လည်းကောင်း၊ KOMYRA မှ Professor Shiwon Kang (Chair of KOMYRA) က လည်းကောင်း ပြောကြားခဲ့ကြပါသည်။ ထို့နောက် ပါမောက္ခချုပ်မှ သက်ဆိုင်ရာ စာတမ်းများအတွက် Chairperson အဖြစ် ဆက်လက်ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ စာတမ်းဖတ်ပွဲတွင် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)မှ “ Perceptions of Virtual Students towards E-learning of Private Universities and colleges in Mandalay” ခေါင်းစဉ်ဖြင့် ဒေါက်တာထက်ထက်လှိုင်မှ လည်းကောင်း နှင့် “ Effects of Personality Traits on Employee Performance of Local Insurance Companies in Mandalay” ခေါင်းစဉ်ဖြင့် ဒေါ်ဝေဖြိုးအောင်မှလည်းကောင်း စာတမ်းများကို Video Conference ဖြင့် ဖတ်ကြား တင်သွင်းခဲ့ ပါသည်။ ၎င်းအပြင် Kwang Woon University မှ Li Jiaen မှ လည်း “ Analysis of Major Research Trends in ESG using Topics Modeling”  ခေါင်းစဉ်ဖြင့် စာတမ်း တင်သွင်းခဲ့ပါသည်။ အဆိုပါ အခမ်းအနားကို နေ့လည် (၃း၀၀)နာရီခန့်တွင် အောင်မြင်စွာ ရုတ်သိမ်းခဲ့ပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm