Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဒုတိယဝန်ကြီး ဦးမြင့်စိုး မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် အသေးစား၊ အငယ်စား၊ အလတ်စား စက်မှုလက်မှုလုပ်ငန်းရှင်းများနှင့် တွေ့ဆုံဆွေးနွေး


29 Oct,2022

နေပြည်တော် အောက်တိုဘာ ၂၈

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ယနေ့နံနက် ပိုင်းက ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ပြည်နယ်ဦးစီးမှူးများနှင့် တာဝန်ရှိသူများလိုက်ပါလျက်  မွန်ပြည်နယ်၊ သထုံမြို့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးတွင် သထုံခရိုင်နှင့် ကျိုက်ထို ခရိုင်တို့မှ ဝန်ထမ်းများနှင့်တွေ့ဆုံရာတွင် ဒုတိယဝန်ကြီးက မွန်ပြည်နယ်သားစိတ်ဓာတ်ခံယူ၍ မိမိတို့ ဝန်ကြီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်နေသော စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းများ အောင်မြင်ရေးကို ဦးစီးဌာန (၄) ခု ပူးပေါင်းဆောင်ရွက်ကြရေး၊ အထက်အောက် အပြန်အလှန်လေးစားမှု၊ အခက်အခဲများကို ကူညီဖြေရှင်းပေးမှုများဖြင့် ဌာနတွင်း စည်းလုံးညီညွတ်မှု တည်ဆောက်ရေး၊ ကိုယ်စီကိုယ်စီ လုံခြုံရေးသတိနှင့် ကျန်းမာရေးအသိရှိရေး မှာကြားကာ ဝန်ထမ်းများ၏ လုပ်ငန်းလိုအပ်ချက်များတင်ပြမှုအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ သည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ချောင်းဆုံမြို့နယ်၊ ရွာလွတ်ကျေးရွာ ဘက်စုံသုံးခန်းမ၌ ဒေသခံပြည်သူများ၊ အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံကာ နိုင်ငံတော်အစိုးရက ဆောင်ရွက်ပေးနေသော နိုင်ငံ့စီးပွားမြှင့်တင်ရေး စီမံကိန်းလုပ်ငန်းများ၊ သမဝါယမနှင့် ကျေလးက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနက ဆောင်ရွက်နေသော အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်းများ၊ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းများ၊ ကျေးလက်စီးပွား မြှင့်တင်ရေး ရန်ပုံငွေထူထောင်ခြင်းလုပ်ငန်းများ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား ရှင်းလင်း ဆွေးနွေးသည်။

ဆက်လက်၍ အ‌သေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဇင်လတ်က အသေးစားစက်မှုလက်မှု ဥပဒေနှင့် နည်းဥပဒေဆိုင်ရာများ၊ အသေးစားစက်မှု လက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများအားလည်းကောင်း၊ သမဝါယမဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးသောင်းနိုင်က သမဝါယမစနစ်ဖြင့် အသင်းအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ခြင်းမှ ရရှိလာနိုင်မည့် အကျိုးကျေးဇူးများအားလည်းကောင်း အသီးသီးရှင်းလင်းဆွေးနွေးကြသည်။

ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရွာလွတ်ကျေးရွာ၊ ကလော့ကျေးရွာ၊ ညောင်လမ်း ကျေးရွာ၊ မုဒွန်းကျေးရွာ၊ ကွမ်ရိုက်ကျေးရွာနှင့် ကမာမိုကျေးရွာတို့မှ တက်ရောက်လာကြသော အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်းရှင်များ၏ လုပ်ငန်းလိုအပ်ချက်များ တင်ပြမှုအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး ဒေါင်းရပ်ရှေ့စံပြကျေးရွာရှိ လယ်ယာနှင့် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းသူ အသင်းသားများ လုပ်ငန်းခွင် အသုံးပြုရန် အတွက် စက်ဘီး (၅) စီး ထောက်ပံ့ပေးအပ်ခဲ့သည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရွာလွတ်ကျေးရွာရှိ ရွှေဝါလယ်ယာနှင့် အထွေထွေ စီးပွားရေးလုပ်ငန်း သမဝါယမအသင်း၏ အရောင်းဆိုင်တွင် ခင်းကျင်းရောင်းချနေမှုများအား ကြည့်ရှု အားပေးခဲ့သည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မွန်ပြည်နယ် အစိုးရဧည့်ရိပ်သာတွင် ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာမြင့်၊ မော်လမြိုင်မြို့နယ်၊ သံဖြူဇရပ်မြို့နယ်၊ ပေါင်မြို့နယ်တို့မှ ဆားလုပ်ငန်းရှင်များနှင့် တွေ့ဆုံပြီး မွန်ပြည်နယ်အတွင်းရှိ ဆားလုပ်ငန်းရှင်တောင်သူများ အရည်အသွေးကောင်းမွန်သော ဆားကြမ်း ဆားချောများ ထုတ်လုပ်နိုင်ရေး၊ ပြည်ပသွင်းကုန်အစားထိုး အိုင်အိုဒင်းဆားချော ထုတ်လုပ်နိုင်ရေး၊ ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်း ပိုမိုရရှိလာစေရေးတို့အတွက် ညှိနှိုင်းဆွေးနွေးခဲ့ ကြသည်။ ဆွေးနွေးချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဒုတိယဝန်ကြီးတို့က လိုအပ်သည်များ ပြန်လည်ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm