Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

အမှုထမ်းများလုပ်ငန်းခွင်ကျွမ်းကျင်မှုသင်တန်း အမှတ်စဉ်(၃/၂၀၂၂)သင်တန်းဆင်းပွဲကျင်းပ


28 Oct,2022

နေပြည်တော်၊ အောက်တိုဘာ ၂၈ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန(ရုံးချုပ်)၊ ယွန်းပညာကောလိပ်၊ ဆောင်းဒါးရက်ကန်း နှင့်အသက်မွေးပညာသိပ္ပံ၊ တိုင်းဒေသကြီး/ပြည်နယ်ရုံးများ၊ ခရိုင်ရုံးများ၊ ရက်ကန်းနှင့်အသက်မွေးပညာ သင်တန်းကျောင်းများတွင် အသစ်ခန့်အပ်ခဲ့သော အငယ်တန်းစာရေးနှင့် အလားတူအဆင့်အမှုထမ်း (၄၃)ဦးအား ဌာန၏လုပ်ငန်းတာဝန်များထမ်းဆောင်ရာတွင် အရည်အသွေးပြည့်ဝပြီး လုပ်ငန်းကျွမ်း ကျင်သော ဝန်ထမ်းကောင်းများဖြစ်လာစေရန်အတွက် ဖွင့်လှစ်ခဲ့သော အမှုထမ်းများလုပ်ငန်းခွင်ကျွမ်း ကျင်မှုသင်တန်း အမှတ်စဉ်(၃/၂၀၂၂)သင်တန်းဆင်းပွဲကို ယနေ့ နံနက် ၉ နာရီခွဲတွင် အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာန၊ Incubation Centre ၌ ကျင်းပပြုလုပ်သည်။ အခမ်းအနားသို့ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြား ရေးမှူးများ၊ တာဝန်ရှိသူများနှင့် သင်တန်းသား/သူများ တက်ရောက်ကြပြီး ညွှန်ကြားရေးမှူးချုပ်က အမှာစကားပြောကြားရာတွင် ဝန်ထမ်းများအနေဖြင့် ပေးအပ်သည့်ဒေသကို သွားရောက်ပြီး ပြည်သူ့ အတွက် ပေးဆပ်လိုသောစိတ်ဓါတ်ဖြင့် နိုင်ငံတာဝန်ကို ကျေပွန်စွာထမ်းဆောင်ကြရန်လည်း တိုက်တွန်း ပြောကြားလိုကြောင်း၊ သို့မှသာ နိုင်ငံအတွက် အားထားယုံကြည် စိတ်ချရသော ဝန်ထမ်းကောင်းများ ပေါ်ပေါက်လာမည်ဖြစ်ကြောင်း၊ ယခုသင်ကြားပို့ချခဲ့သော စာတွေ့သင်ခန်းစာများကို မိမိတို့ တာဝန် ကျရာဒေသများသို့ ရောက်ရှိသည့်အချိန်တွင် လက်တွေ့လုပ်ငန်းခွင်နယ်ပယ်များနှင့် ပေါင်းစပ်၍ မိမိတို့ စွမ်းအားရှိသလောက် ပြည်သူ့အကျိုးပြုလုပ်ငန်းများကို ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း ပြောကြားသည်။ ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ်က သင်တန်းဆင်းလက်မှတ်များပေးအပ်ပြီး သင်တန်းသား တစ်ဦးမှ သင်တန်းသားများကိုယ်စား ကျေးဇူးတင်စကားပြောကြားသည်။ ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသူများက စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးကြကြောင်း သိရသည်။ ယခုသင်တန်းမှ သင်တန်းသားများအား ရုံးလုပ်ငန်း သဘောတရားများ၊ လုပ်ထုံးလုပ်နည်းများ၊ လုပ်ငန်းစဉ်များ၊ နည်းဥပဒေ၊ ဥပဒေများကို သိရှိနားလည်စေရန်အတွက် ဒုတိယညွှန်ကြားရေးမှူးချုပ် များနှင့် ဌာနခွဲများမှ ညွှန်ကြားရေးမှူးများက ၂၆-၁၀-၂၀၂၂ ရက်နေ့မှ ၂၈-၁၀-၂၀၂၂ ရက်နေ့ အထိ(၃) ရက်ကြာ သင်ကြားပို့ချခဲ့ကြောင်း သတင်းရရှိသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm