နေပြည်တော်၊ အောက်တိုဘာ ၂၈
သမဝါယမကဏ္ဍ ကောင်းမွန်သောစီမံအုပ်ချုပ်မှုနှင့် ရေရှည်ဖွံဖြိုးတိုးတက်ရေး (ဒုတိယအကြိမ်) အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်(၀၉:၀၀)နာရီအချိန်တွင် သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး ညှိနှိုင်းအစည်းအဝေးခန်းမတွင် On-line စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါဆွေးနွေးပွဲသို့ သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်သူရ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်(စီမံ)နှင့်တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ပြည်နယ်သမဝါယမဦးစီးဌာနများမှ ညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီး/ပြည်နယ်သမဝါယမအသင်းစုချုပ်ဥက္ကဋ္ဌများနှင့် သမဝါယမ အသင်းစုများမှ အမှုဆောင်များ တက်ရောက်ခဲ့ကြသည်။
အလုပ်ရုံဆွေးနွေးပွဲတွင် ညွှန်ကြားရေးမှူးချုပ် ဦးအောင်သူရက သမဝါယမကဏ္ဍ ကောင်းမွန် သော စီမံအုပ်ချုပ်မှုနှင့် ရေရှည်ဖွံဖြိုးတိုးတက်ရေးအတွက် အလုပ်ရုံဆွေးနွေးပွဲ (ဒုတိယအကြိမ်) ဖြစ်ပြီး ပထမအကြိမ်ဆွေးနွေးပွဲတွင် သမဝါယမမူ၊ လုပ်ထုံးလုပ်နည်းများကို ညွှန်ကြားရေးမှူး ဦးမျိုးအောင်က ရှင်းလင်းဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ်များမှလည်း မိမိတို့ လုပ်ဆောင်နေသည့် လုပ်ငန်းများ၏ အားသာချက်၊ အားနည်းချက်နှင့် အကြံပြုချက်များ တင်ပြလာသည်ကို တွေ့ရှိရ၍ သမဝါယမကဏ္ဍရေရှည်ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ကျဉ်းနိုင်မယ် လို့ ယုံကြည်ပါကြောင်း၊ ကောင်းမွန်သောစီမံအုပ်ချုပ်မှုနှင့် ရေရှည်ဖွံဖြိုးတိုးတက်ရေးအတွက် သမဝါယမဦးစီးဌာနအဆင့်ဆင့်၊ သမဝါယမအသင်းအဆင့်ဆင့်တို့ ဝိုင်းဝန်းပေါင်းစပ် ဆောင်ရွက် ကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ထို့နောက် သမဝါယမကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာဌာနခွဲ ညွှန်ကြားရေးမှူးများ နှင့် တိုင်းဒေသကြီး/ပြည်နယ်သမဝါယမဦးစီးဌာနများမှ ညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီး/ ပြည်နယ်သမဝါယမအသင်းစုချုပ်ဥက္ကဋ္ဌများနှင့် သမဝါယမအသင်းစုဥက္ကဋ္ဌများက သမဝါယမ အသင်းဉပဒေ၊ နည်းဥပဒေနှင့် လုပ်ထုံးလုပ်နည်းဆိုင်ရာများနှင့် ပတ်သက်၍ အကြံပြုဆွေးနွေး ခဲ့ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး/ပြည်နယ်သမဝါယမဦးစီးဌာနများမှ ညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီး/ပြည်နယ်သမဝါယမအသင်းစုချုပ်ဥက္ကဋ္ဌများနှင့် သမဝါယမအသင်းစုများမှ အမှုဆောင် များက မေးခွန်းများမေးမြန်းခြင်းနှင့် အကြံပြုဆွေးနွေးခဲ့ကြသည့်အပေါ် သက်ဆိုင်ရာကဏ္ဍအလိုက် ညွှန်ကြားရေးမှူးများက မေးမြန်းချက်များကို ပြန်လည်ဖြေကြားခဲ့ကြပြီး အလုပ်ရုံဆွေးနွေးပွဲကို (၁၁:၃၀) နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်