နေပြည်တော်၊ အောက်တိုဘာ ၂၆
အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန(ရုံးချုပ်)၊ ယွန်းပညာကောလိပ်၊ ဆောင်းဒါးရက်ကန်း နှင့်အသက်မွေးပညာသိပ္ပံ၊ တိုင်းဒေသကြီး/ပြည်နယ်ရုံးများ၊ ခရိုင်ရုံးများ၊ ရက်ကန်းနှင့်အသက်မွေးပညာ သင်တန်းကျောင်းများတွင် အသစ်ခန့်အပ်ခဲ့သော အငယ်တန်းစာရေးနှင့် အလားတူအဆင့်အမှုထမ်း (၄၃)ဦးအား ဌာန၏လုပ်ငန်းတာဝန်များထမ်းဆောင်ရာတွင် အရည်အသွေးပြည့်ဝပြီး လုပ်ငန်းကျွမ်း ကျင်သော ဝန်ထမ်းကောင်းများဖြစ်လာစေရန်အတွက် အမှုထမ်းများလုပ်ငန်းခွင်ကျွမ်းကျင်မှု သင်တန်း အမှတ်စဉ်(၃/၂၀၂၂)သင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၈ နာရီတွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီး ဌာန၊ Incubation Centre ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားသို့ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ တာဝန်ရှိသူများနှင့် သင်တန်းသား/သူများ တက်ရောက် ကြပြီး ညွှန်ကြားရေးမှူးချုပ်က အမှာစကားပြောကြားရာတွင် မိမိတို့ဌာန၏ လုပ်ငန်းစဉ်များကို ကောင်းစွာသဘောပေါက်နားလည်ပြီး ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်နိုင်စေရန်၊ ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းများနှင့် ဝန်ထမ်းရေးရာကိစ္စရပ်များ၊ ရုံးလုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်နိုင်စေရန်တို့အတွက် ယခုကဲ့သို့ မွမ်းမံသင်တန်းများကို ဖွင့်လှစ်ရခြင်းဖြစ်ပါကြောင်း၊ ဌာနခွဲများမှ စာတွေ့သင်ကြားပို့ချသွားသော ရုံးလုပ်ငန်းများကို မိမိတို့ တာဝန်ထမ်းဆောင်ရာ ဒေသ များသို့ ရောက်ရှိချိန်တွင် လက်တွေ့နယ်ပယ်နှင့်ပေါင်းစပ်ပြီး မိမိတို့၏ စွမ်းအားရှိသလောက် လုပ်ဆောင်သွားကြရန် လိုအပ်ကြောင်းပြောကြားသည်။
ယခုသင်တန်းမှ သင်တန်းသားများအား ရုံးလုပ်ငန်း သဘောတရားများ၊ လုပ်ထုံးလုပ်နည်းများ၊ လုပ်ငန်းစဉ်များ၊ နည်းဥပဒေ၊ ဥပဒေများကို သိရှိနားလည်စေရန်အတွက် ဒုတိယညွှန်ကြားရေးမှူးချုပ် များနှင့် ဌာနခွဲများမှ ညွှန်ကြားရေးမှူးများက ၂၆-၁၀-၂၀၂၂ ရက်နေ့မှ ၂၈-၁၀-၂၀၂၂ ရက်နေ့အထိ (၃)ရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။