Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) လူသုံးကုန်ထုတ်လုပ်မှုလုပ်ငန်းသင်တန်း ပိတ်ပွဲ အခမ်းအနားကျင်းပ


26 Oct,2022

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)

လူသုံးကုန်ထုတ်လုပ်မှုလုပ်ငန်းသင်တန်း ပိတ်ပွဲ အခမ်းအနား

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)နှင့် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန တို့ ပူး‌ပေါင်း၍  သမဝါယမပညာဌာနမှ ကျောင်းသား၊သူများ ၏ Social Innovation Skill မြင့်မား‌‌စေရေးအတွက် လူသုံးကုန်ထုတ်လုပ်မှုလုပ်ငန်းသင်တန်း ပိတ်ပွဲ အခမ်းအနားကို တက္ကသိုလ်၏ ဘွဲ့နှင်းသဘင်ခန်းမ၌ နံနက် ၁၀း၃၀နာရီတွင် ကျင်းပခဲ့သည်။ ထိုအခမ်းအနားသို့ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီ၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခဌာနမှူးများ၊ ဌာနမှူးများ၊ စစ်ကိုင်းခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဦးစီးမှူများ၊ ဒုဦးစီးမှူးများနှင့် တာဝန်ရှိသူများ၊ သင်တန်းသူ/သားများ တက်ရောက်ခဲ့ကြပါသည်။ ပထမဦးစွာ ပါမောက္ခချုပ်ဆရာမကြီး ဒေါက်တာမို့မို့ရီမှ သင်တန်းကာလအတွင်း စိတ်ရောကိုယ်ပါ မျှဝေပေးခဲ့သည့် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး၊ ခရိုင်အသေးစားစက်မှု လက်မှုလုပ်ငန်းဉီးစီးဌာန၊ ဦးစီးမှူးနှင့် ဆရာမများ၊ တာဝန်ရှိသူများကို ကျေးဇူးတင်ရှိပါကြောင်း၊ သင်တန်း၌ ဆပ်ပြာနည်းပညာများ၊ Hand Gel, Spray, မှန်ကြည်ဆေး၊ ဆပ်ပြာခဲအမျိုးမျိုးနှင့် နေ့စဉ်လိုအပ်သည့် လူသုံးကုန်ပစ္စည်းထုတ်လုပ်သည့် နည်းပညာများကို သင်ကြားပေးခဲ့သည့် အတွက် အထူး‌ကျေးဇူးတင်ရှိပါကြောင်း၊ ကုန်ချောပစ္စည်းများ လှပသေသပ်စွာ ထွက်ရှိလာသည့်အတွက် အားရကျေနပ်မိပါကြောင်း၊ ဦးစီးဌာနမှ လိုအပ်သည့် ကုန်ကြမ်းများ၊ငွေများ၊ အရင်းအနှီးပစ္စည်းများနှင့်  အချိန်ပေး၍ လုပ်အားပေးရသည့်အတွက် အောင်မြင်စွာပြီးမြောက်ခဲ့ရသည်ဖြစ်ပါကြောင်း၊ သင်တန်းသူ/ သား (၂၇)ဦးအပြင် ဆရာ/ဆရာမများပါတက်ရောက်ခဲ့ကြောင်း၊ သင်တန်းကာလအတွင်း သင်ကြားခဲ့သည့် နည်းပညာများကို ထပ်မံ၍ လေ့လာ၊ ထီထွင်ဆန်းသစ်ကြပါဟု တိုက်တွန်းပါကြောင်း၊ ယခုသင်တန်းသည် နေ့စဉ်လူနေမှုဘဝအတွက် လိုအပ်နေသော လူသုံးကုန် ပစ္စည်းများ၊ထုတ်လုပ်သည့်နည်းပညာများကို သင်ကြားပေးသည့် သင်တန်း ဖြစ်ကြောင်း ၊ ဒီပညာများကို လက်တွေ့အသုံးချပြီး မိသားစုဝင်ငွေတိုးတက်အောင် ဆောင်ရွက် ရန် တိုက်တွန်း ကြောင်း၊ တစ်ပိုင်တစ်နိုင်စီးပွားရေးလုပ်ငန်းလုပ်ကိုင်နိုင်သည်မှ ကိုယ်ပိုင် လုပ်ငန်း ရှင်ဖြစ်လာ နိုင်သည်ထိ ကြိုးစားသွားကြရန် တိုက်တွန်းပါကြောင်း၊ ထို့ပြင် စာတွေ့နှင့် လက်တွေ့ ပေါင်းစပ်သင်ကြားပေးသောသင်တန်းဖြစ်ကြောင်း၊ ဤသင်တန်း တက်ရောက် ခြင်း ဖြင့် ကျောင်းသား၊သူ များမှ စွန့်ဉီးတီထွင် လုပ်ငန်းရှင်များ ပေါ်ထွက်လာ နိုင်ကြောင်း ၊၄◌င်းမှ လူမှုစီးပွားရေးလုပ်ငန်းရှင်များ ပေါ်ပေါက်လာနိုင်ကြောင်း ၊ ယခုအကောင်အထည် ဖော်နေသော MSME လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ရာ တွင်လည်း အထောက်အပံ့ပေးနိုင်ကြောင်း၊    တက္ကသိုလ်နှင့်ဉီးစီးဌာန များချိတ်ဆက်ပြီး Industrial Mechanism များ တိုးတက်လာစေရန် ဆောင်ရွက်ရာ ရောက်ကြောင်း ပြောကြား သွားပါသည်။ သင်တန်းဖွင့်လှစ်ရန် ကူညီပေးပါသော သင်တန်းရေးရာဌာန၊ စီမံရေးရာ ဌာန၊ သမဝါယမပညာဌာန ဌာနမှူးများနှင့် ဆရာ/ဆရာမများ၊ စစ်ကိုင်းတိုင်း ဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းနှင့် ခရိုင်အသေး စား စက်မှုလက်မှုလုပ်ငန်းမှ တာဝန်ရှိသူ များကိုလည်း အထူးပင် ကျေးဇူးတင်ရှိ ပါကြောင်းနှင့် သင်တန်းသူ/သားများအား ဆက်လက်ကြိုးစားကြပါဟု ပြောကြားခဲ့ပါသည်။ ထို့နောက် ပါမောက္ခချုပ်မှ သင်တန်းဆင်း လက်မှတ်များအား သင်တန်းသူများကိုယ်စား သင်တန်းသူ တစ်ဦး အား လည်းကောင်း၊ ဒုတိယပါမောက္ခချုပ်မှ သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးအား လည်းကောင်း ပေးအပ်ခဲ့သည်။ ထို့နောက် ခရိုင်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးမှ ထုတ်ကုန်ပစ္စည်းများအား သင်တန်းသူ/သားများအား လက်ဆောင် ပေးအပ် ခဲ့ရာ သင်တန်းသူ/သားများ ကိုယ်စား သင်တန်းသူတစ်ဦးမှ လက်ခံရယူခဲ့သည်။ ဆက်လက်၍ သင်တန်းသူတစ်ဦးမှ ကျေးဇူးတင် စကား ပြောကြားခဲ့ပါသည်။ ပါမောက္ခချုပ်မှ ခရိုင်ဦးစီးမှူးနှင့် သင်ကြားပေးခဲ့သော ဒုဦးစီးမှူးအား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့ပြီး နောက် အခမ်းအနားကို အောင်မြင်စွာ ရုတ်သိမ်းခဲ့ပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm