Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်တွေ့ဆုံပွဲအခမ်းအနား


21 Oct,2022

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်တွေ့ဆုံပွဲအခမ်းအနား

၂၀.၁၀.၂၀၂၂

          စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမြတ်ကျော် ဦးဆောင်သော အဖွဲ့ဝင်များသည် (၂၀.၁၀.၂၀၂၂)ရက်နေ့ နံနက်(၁ဝး၀၀)နာရီတွင် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (စစ်ကိုင်း)သို့ လာရောက်ခဲ့ပြီး ပါမောက္ခချုပ်နှင့်တက္ကသိုလ်မှ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ပါသည်။ ဦးစွာ အနေဖြင့် တက္ကသိုလ်၏ သင်ရိုးညွှန်တမ်းများ၊ သုတေသနစာတမ်းများ၊ MOUနှင့် နှစ်ဦးသဘောတူ စာချုပ် ရေးထိုးထားရှိမှုများကို ကြည့်ရှုခဲ့ပြီး လိုအပ်သည်များကို မှာကြားခဲ့ပါသည်။ ထို့နောက် တွေ့ဆုံပွဲ အခမ်းအနားကျင်းပသည့် Conference Room တွင် စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ သယံဇာတရေးရာဝန်ကြီး၊ လူမှုရေးရာဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ အတွင်းရေးမှူး၊ တိုင်းဒေသကြီး ညွှန်ကြားရေးမှူး (စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန)၊ တိုင်းဒေသကြီးညွှန်ကြားရေးမှူး (စိုက်ပျိုးရေးဦးစီးဌာန)၊ တိုင်းဒေသကြီးညွှန်ကြားရေးမှူး (စစ်ကိုင်းတိုင်း ဒေသကြီး၊စည်ပင်သာရာရေးဦးစီးဌာန)၊ တိုင်းဒေသကြီးညွှန်ကြားရေးမှူး (ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန)၊ ခရိုင်အဆင့် တာဝန်ရှိသူများနှင့် တက္ကသိုလ်ဘက်မှ ပါမောက္ခချုပ်ဒေါက်တာမို့မို့ရီ၊ ဒုတိယပါမောက္ခချုပ်(စီမံ)၊ သင်ကြားရေးဌာနများမှ ပါမောက္ခ(ဌာနမှူး)များ ၊တွဲဖက်ပါမောက္ခများ၊ စီမံရေးရာဌာန၊ သင်တန်းရေးရာ ဌာန၊သုတေသနနှင့်ဖွံ့ဖြိုးမှုဌာနများမှ ဌာနမှူးများ နှင့် တာဝန်ရှိသူများ စုံစုံညီညီတက်ရောက်ခဲ့ကြပါသည်။

          အခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်အား တက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီ ဦးဆောင်၍ သင်ကြားရေးဌာနများမှ ပါမောက္ခ(ဌာနမှူး)များ ၊တွဲဖက်ပါမောက္ခများ၊ စီမံရေးရာဌာန၊သင်တန်းရေးရာဌာနနှင့် သုတေသနနှင့်ဖွံ့ဖြိုးမှုဌာနများမှ ဌာနမှူးများ၊ တာဝန်ရှိသူများနှင့် ဦးစွာမိတ်ဆက်ခဲ့ကြပါသည်။ ဆက်လက်၍ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်အား ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီမှ တက္ကသိုလ်၏ Vission, Mission များ၊ တက္ကသိုလ်၏ လုပ်ငန်း ဆောင်ရွက်ချက်များဖြစ်သည့် Covid 19 စည်းကမ်းချက်နှင့်အညီ ကျောင်းဖွင့်လှစ်ထားရှိမှု အခြေအနေ၊ ဘွဲ့ရကျောင်းသား၊ကျောင်းသူများ၏ အလုပ်အကိုင်အခွင့်အလမ်း ရရှိမှုအခြေအနေ၊ ပြင်ပသင်တန်းများ ဖွင့်လှစ်ပြီးစီးမှုအခြေအနေ နှင့် ထပ်မံဖွင့်လှစ်ရန် လျာထားသည့် သင်တန်းများ အခြေအနေများ၊ တက္ကသိုလ်၏ Activities များ၊ E-Library နှင့် Library ဖွင့်လှစ်ထားရှိမှု အခြေအနေ၊ MOU ရေးထိုးထားရှိမှု အခြေအနေ၊ ပြည်တွင်း၊ပြည်ပ သုတေသနစာတမ်းများ ပြုစုပြီးစီးမှု အခြေအနေ၊ တက္ကသိုလ်ရှိ စာသင်ဆောင်၊ ကျောင်းသားကျောင်းသူအိပ်ဆောင်များ အခြေအနေ၊ တက္ကသိုလ်၏ လိုအပ်လျက်ရှိသော Infrastructure များ၊ လစ်လပ်လျက်ရှိသော ဆရာ၊ဆရာမ၊ ဝန်ထမ်းအင်အားများ၊ တက္ကသိုလ် အနာဂတ် တွင် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့ပြီး၊ စစ်ကိုင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ လိုအပ်သည်များကို ဖြည့်စွက်လမ်းညွှန် မှာကြားခဲ့ပါသည်။ ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များ၊ တက္ကသိုလ်မှ တာဝန်ရှိ သူများ မှတ်တမ်းတင် အမှတ်တရဓါတ်ပုံရိုက်ကူး၍ အခမ်းအနားကို အောင်မြင်စွာ ရုတ်သိမ်းခဲ့ပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm