အမရပူရ၊ အောက်တိုဘာ ၂၀
ဒေသခံလူငယ်လူရွယ်များ အလုပ်အကိုင်အခွင့်အလမ်းများရရှိပြီး ကိုယ်ပိုင်ဝင်ငွေများတိုးပွားလာစေရန် ရည်ရွယ်၍ သဘာဝဆိုးဆေးသင်တန်းကို ယနေ့နံနက် ၉နာရီတွင် ဆောင်းဒါးရက်ကန်းနှင့်အသက်မွေးပညာသိပ္ပံ သင်တန်းခန်းမ၌ဖွင့်လှစ်သည်။
သင်တန်းဖွင့်ပွဲသို့ ကျောင်းအုပ်ကြီး၊ ဒုတိယကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများ၊ သင်တန်းသား/သူများ တက်ရောက်ကြရာ ကျောင်းအုပ်ကြီးက အဖွင့်အမှာစကားပြောကြားပြီး ဒုတိယကျောင်းအုပ်ကြီး(သင်ကြားရေး) က သင်တန်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
အဆိုပါသင်တန်းကို ၂၀-၁၀-၂၀၂၂ မှ ၂၆-၁၀-၂၀၂၂ အထိ သင်တန်းသား/သူ (၁၁)ဦးအား ချည်ပြုပြင်နည်း၊ သစ်ခေါက်ဖြင့်ဆေးဆိုးနည်း၊ ဒညင်းခွံ/ကြက်သွန်ခွံဖြင့် ဆေးဆိုးနည်းနှင့် eco print ဆောင်ရွက်နည်းများကို စာတွေ့လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်