တောင်ကြီး၊ အောက်တိုဘာ ၁၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ်၊ နမ့်တောင်းကျေးရွာအုပ်စု၊ မန့်ခုံလုံကျေးရွာတွင် ခေတ်မီစံပြကျေးရွာ Smart Village ထူထောင်နိုင်ရေးအတွက် မူဆယ်မြို့နယ်သမဝါယမဦးစီးဌာနက အခြေခံစာရင်းရေး၊ စာရင်းကိုင်သင်တန်းကို မြို့နယ်သမဝါယမဦးစီးဌာနရုံးခန်းမတွင် ဖွင့်လှစ်ပို့ချခဲ့ သည်။
သင်တန်းတွင် မူဆယ်မြို့နယ်သမဝါယမဦးစီးဌာနဦးစီးအရာရှိ၊ မြို့နယ်သမဝါယမအသင်းစု ဥက္ကဋ္ဌနှင့် ဝန်ထမ်းပေါင်းစုံငွေစုငွေချေးသမဝါယမအသင်းလီမိတက်ဥက္ကဋ္ဌတို့မှ အခြေခံစာရင်းရေး စာရင်းကိုင်နှင့် သက်ဆိုင်သည့်ဘာသာရပ်များကို သင်ကြားပို့ချပေးခဲ့သည်။ အဆိုပါသင်တန်းသို့ မူဆယ်မြို့နယ်သမဝါယမအသင်းစုလီမိတက်မှ အမှုဆောင်အဖွဲ့နှင့် အဆိုပါကျေးရွာရှိ နမ့်မော်ဆိုင် စိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းလီမိတက်မှ အသင်းအမှုဆောင် ဒါရိုက်တာအဖွဲ့နှင့် အသင်းသား/သူများ တက်ရောက်ခဲ့ပြီး သင်တန်းကို (၁၇-၁၀-၂၀၂၂)မှ(၁၉-၁၀- ၂၀၂၂) ရက်နေ့ထိ ဖွင့်လှစ်ပို့ချခဲ့ကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်