မော်လမြိုင်၊ အောက်တိုဘာ ၁၉
အမှုထမ်းများအခြေခံရုံးလုပ်ငန်းကျွမ်းကျင်မှုသင်တန်းဆင်းပွဲ အခမ်းအနားကို သမဝါယမ စာရင်းရေး စာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်း(မော်လမြိုင်)၊ သင်တန်းခန်းမ၌ ယနေ့ နံနက်(၁၀:၀၀)နာရီတွင် ကျင်းပခဲ့သည်။ သင်တန်းဆင်းပွဲသို့ ပြည်နယ်သမဝါယမဦးစီးဌာန ပြည်နယ်မှူးနှင့် တာဝန်ရှိသူများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ပြည်နယ်သမဝါယမအသင်းစုချုပ် ဉက္ကဋ္ဌ၊ သင်တန်းကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူများ၊ မော်လမြိုင်မြို့နယ်သမဝါယမဦးစီးဌာန ဦးစီး အရာရှိနှင့် မြို့နယ်သမဝါယမအသင်းစုဉက္ကဋ္ဌ၊ သင်တန်းဆရာ/ဆရာမများနှင့် သင်တန်းသား/သူများ တက်ရောက်ကြသည်။
သင်တန်းဆင်းပွဲ အခမ်းအနားတွင် မွန်ပြည်နယ်သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူးက အမှာ စကားပြောကြားခဲ့ပြီး၊ သင်တန်းဆင်းလက်မှတ်များကို ပြည်နယ်သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူး နှင့် ဒုတိယညွှန်ကြားရေးမှူး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြည်နယ်သမဝါယမ အသင်းစုချုပ် ဉက္ကဋ္ဌနှင့် သင်တန်းကျောင်းအုပ်ကြီးမှ သင်တန်းသားများသို့ ပေးအပ်ခဲ့ရာ သင်တန်းသား ကိုယ်စားလှယ်တစ်ဦးမှ ကျေးဇူးတင်စကားပြောကြားခဲ့သည်။
အဆိုပါ သင်တန်းကို လုပ်ငန်းခွင်၌ စွမ်းရည်ပြည့်ဝစွာ ဆောင်ရွက်နိုင်စေရန်အတွက် သင်တန်းကျောင်းတွင် (၃-၁၀-၂၀၂၂) ရက်မှ (၁၈-၁၀-၂၀၂၂) ရက်ထိ (၂) ပတ်ကြာ ဖွင့်လှစ်ခဲ့ပြီး၊ မွန်ပြည်နယ်အတွင်းရှိ ပြည်နယ်ရုံး၊ သင်တန်းကျောင်းနှင့် မြို့နယ်(၁၀)မြို့နယ်မှ အသစ်ခန့်အပ်ထားသည့် အငယ်တန်း စာရေးဝန်ထမ်း(၂၈)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်