တောင်ကြီး၊ အောက်တိုဘာ ၁၈
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်(တ)မြို့နယ်၊ မိုင်းစိတ်ကျေးရွာ၊ မိုင်းစိတ်စိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်းမှ အသင်းသားပိုင်ဆန်စက် ၃ လုံးဖြင့် ဒေသထွက်စပါးများ ဝယ်ယူ၍ ဆန်ကြိတ်ခွဲဖြန့်ဖြူးရောင်းချလျက်ရှိသည်။ အသင်း၏ဆန်စက်များအနေဖြင့် တစ်နာရီ လျှင် စပါးတင်း ၁၂၀ ၊ တစ်နေ့လျှင် စပါးတင်း ၇၂၀ ခန့် ကြိတ်ခွဲထုတ်လုပ်နိုင်ပါသည်။
ထို့ကြောင့် ဒေသခံတောင်သူများအနေဖြင့် စပါးပေါ်ချိန်တွင် သင့်တင့်သောဈေးနှုန်းဖြင့် ရောင်းချနိုင်ပြီး ကြိတ်ခွဲရရှိလာသောဆန်များကို အသင်းသားပြည်သူများနှင့် စားသုံးသူများထံသို့ လက်လီ/လက္ကား ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်းသိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်