Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ပအစားထိုး သွင်းကုန်များကို မိမိနိုင်ငံအတွင်း၌ အရည်အသွေးမီ ထုတ်လုပ်ခြင်းနှင့် ပြည်ပသို့ တင်ပို့ခြင်းများကို ဆောင်ရွက်နိုင်မည်ဆိုပါက ပြည်တွင်း၊ ပြည်ပ စီးပွားရေးလုပ်ငန်းများ ကောင်းမွန်လာမည်


19 Oct,2022

နေပြည်တော် အောက်တိုဘာ  ၁၈

           နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၁၈-၁၀-၂၀၂၂ ရက်နေ့ နံနက်ပိုင်းတွင် မွန်ပြည်နယ်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းရှင်များအား မော်လမြိုင်မြို့ရှိ ပြည်နယ်ခန်းမ၌ တွေ့ဆုံ၍ ဒေသတွင်းစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွေးနွေးပြောကြားသည်။

              ဆက်လက်ပြီး လုပ်ငန်းရှင်များ၏ တစ်ဦးချင်း ရှင်းလင်းတင်ပြမှုများနှင့် ပတ်သက်၍ ဝန်ကြီးဌာနအလိုက် ပြန်လည်ရှင်းလင်းဆွေးနွေးရာ ကျေးလက်နေပြည်သူများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သမဝါယမအစုအဖွဲ့များ ဖွဲ့စည်း၍ လိုအပ်သည်များ ကူညီပံ့ပိုးပေးလျက်ရှိမှု၊ စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် သမဝါယမအသင်းများ ဖွဲ့စည်း၍ Contract Farming စနစ်ဖြင့် ချိတ်ဆက်ဆောင်ရွက်ပေးကာ စိုက်ပျိုးရေး တောင်သူများ၏ လိုအပ်ချက်များအား ဖြည့်ဆည်းပေးနိုင်ရေး ဆောင်ရွက်လျက်ရှိမှု၊ စက်မှုနည်းပညာများနှင့် ပတ်သက်၍ နည်းပညာ လိုအပ်ချက်များ ရရှိစေရေး ဆောင်ရွက်ပေးလျက်ရှိမှု၊ ပို့ကုန်လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်လျက်ရှိမှု စသည်တို့နှင့်ပတ်သက်၍ ပြန်လည်ဆွေးနွေး ပြောကြားကြသည်။

၁၉-၁၀-၂၀၂၂ ရက်နေ့ထုတ် ကြေးမုံသတင်းစာမှ ကောက်နုတ်ဖော်ပြအပ်ပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm