Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဒုတိယဝန်ကြီး ဦးမြင့်စိုး လယ်ဝေးမြို့နယ် အောင်စေတနာကျေးရွာ ဖွံ့ဖြိုးရေးအတွက် ကျေးရွာလူထုနှင့်တွေ့ဆုံ


18 Oct,2022

နေပြည်တော် အောက်တိုဘာ ၁၇

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ဒုတိယ ညွှန်ကြားရေးမှူးချုပ်များနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် ယနေ့မွန်းလွဲပိုင်းက နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်၊ သော်မှော်ကုန်းကျေးရွာအုပ်စု၊ အိမ်ခြေ (၆၇)အိမ်၊ အိမ်ထောင်စု (၆၇)စု၊ လူဦးရေ (၁၀၅) ဦးရှိ အောင်စေတနာကျေးရွာသို့ ရောက်ရှိပြီး ကျေးရွာဓမ္မာရုံ တွင် ရွာသူရွာသားများနှင့်တွေ့ဆုံကာ မိသားစုဝင်ငွေတိုးပွားရေးအတွက် တစ်ပိုင်တစ်နိုင် စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ရေး၊ ကျေးရွာ၏ ပညာရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုကိစ္စရပ်များ၊ ဆောင်ရွက်ပေးရမည့် ရပ်ရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို ညှိနှိုင်းဆွေးနွေးပြီး ရာသီသီးနှံ များ စိုက်ပျိုးရန်အတွက် စမ်းဝတီသဘာဝမြေဩဇာများ ထောက်ပံ့ပေးအပ်ခဲ့သည်။

၎င်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကျေးရွာတွင်းလမ်း အရှည်ပေ ၄၉၀ ရိစာခင်းခြင်း လုပ်ငန်းဆောင်ရွက်မည့်နေရာ၊ လမ်းမီးတိုင်စိုက်ထူခြင်းလုပ်ငန်း ဆောင်ရွက်မည့်နေရာ၊ သပြေတန်းကျေးရွာနှင့် အောင်စေတနာကျေးရွာအကြား ရိစာခင်းရန်လိုအပ်သော အရှည်ပေ ၁၁၈၀ လမ်းပိုင်းနေရာအား လိုက်လံကြည့်ရှု စစ်ဆေးခဲ့သည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm