နေပြည်တော်၊ အောက်တိုဘာ ၁၂
အမှုထမ်းများအခြေခံရုံးလုပ်ငန်းကျွမ်းကျင်မှုသင်တန်းဖွင့်ပွဲအခမ်းအနားကို သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ စုပေါင်းအစည်းအဝေးခန်းမ၌ ယနေ့နံနက် (၀၉:၃၀)နာရီတွင် ကျင်းပခဲ့ရာ သမဝါယမဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်မြင့်ဝင်းကြည်နှင့် တာဝန်ရှိသူများ၊ သင်တန်းသား/သူများ တက်ရောက်ခဲ့ကြသည်။
အဆိုပါအခမ်းအနားတွင် ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်မြင့်ဝင်းကြည်က အမှာစကား ပြောကြားရာတွင် သင်တန်းသားများအနေဖြင့် လုပ်ငန်းခွင်ဝင်ရင်း သင်တန်းတက်ရောက်ရခြင်း ဖြစ်သည့်အတွက် သေချာလေ့လာကြရန်လိုကြောင်း၊ ယခုသင်တန်းတွင် သင်ကြားမည့်သမဝါယမလုပ်ငန်းများနှင့် သက်ဆိုင်သည့်ဘာသာရပ်များသည် တာဝန်ထမ်းဆောင်သည့်ကာလအတွင်း ပြန်လည်အသုံးချရန် လိုအပ်မှာဖြစ်သည့်အတွက် သင်ကြားပို့ချပေးခြင်းဖြစ်ကြောင်း၊ ဘာသာရပ်အလိုက် စာမေးပွဲများ ဖြေဆိုရမှာဖြစ်ပြီး အထူးအလေးထားသင်ယူကြရန် ပြောကြားခဲ့သည်။
အမှုထမ်းများအခြေခံရုံးလုပ်ငန်းကျွမ်းကျင်မှုသင်တန်းကို (၁၂-၁၀-၂၀၂၂)မှ (၂၇-၁၀-၂၀၂၂) ရက်နေ့ထိ သင်တန်းသား/သူ (၃၅)ဦးဖြင့် နံနက် (၀၉:၃၀) နာရီမှ ညနေ(၁၆:၁၀)နာရီထိ သင်ကြား ပို့ချသွားမည်ဖြစ်ပြီး အဆိုပါသင်တန်းသို့ သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ လက်အောက်ရှိ ဌာနစုများမှ အငယ်တန်းစာရေးဝန်ထမ်းသစ်များ တက်ရောက်ကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်