မကွေး၊ အောက်တိုဘာ ၁၁
မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ်သမဝါယမအသင်းစုဆန်စက်လုပ်ငန်းကို ငါးပုံ ဆန်စက်(မြင်းကောင်ရေ 35 HP) ဖြင့် ဆန်စက်လုပ်ငန်းကို အကောင်အထည်ဖော်ဆောင် ရွက်လျက်ရှိသည်။ မြို့သစ်မြို့နယ်သမဝါယမအသင်းစုက စပါးများဝယ်ယူ၍ ကြိတ်ခွဲရောင်းချခြင်း၊ စပါးပေါ်ချိန်တွင် စပါးစိုက်တောင်သူများ ဈေးနှိမ်မခံရစေရေး ပေါက်ဈေးဖြင့်ဝယ်ယူ၍ ကြိတ်ခွဲရောင်းချခြင်းနှင့် ဒေသခံတောင်သူများ၏ စပါးများကို သက်သာသောနှုန်းထားများဖြင့် ကြိတ်ခွဲနိုင်ရန် ဆောင်ရွက်ပေးလျက်ရှိသည်။
အသင်းစုဆန်စက်လုပ်ငန်းမှ တစ်ရက်လျှင် စပါးတင်း ၂၅၀ ကြိတ်ခွဲထုတ်လုပ်နိုင်ပြီး တစ်နှစ်လျှင်စပါးတင်းပေါင်း ၉၀၀၀၀ ခန့် ကြိတ်ခွဲထုတ်လုပ်ပေးလျက်ရှိသည်။ ဆန်များ ကြိတ်ခွဲရာတွင် ထွက်ရှိလာသည့် စပါးခွံများနှင့် ဖွဲ့နုများကို တိရိစ္ဆာန်အစာအဖြစ် ပြန်လည် ဖြန့်ဖြူးရောင်းချပေးသည့်နိုင်အပြင် ဆန်စက်အား ယခုထက်ပိုမို ကြိတ်ခွဲထုတ်လုပ်နိုင်ရန်အတွက် အဆင့်မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်