လယ်ဝေး၊ အောက်တိုဘာ ၁၁
ဒေသခံပြည်သူများ ကိုယ်ပိုင်လုပ်ငန်းငယ်လေးများထူထောင်ပြီး မိသားစုဝင်ငွေတိုးပွားလာစေရန်နှင့် နိုင်ငံတော်အတွင်း အသေးစားစက်မှုလက်မှုလုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၁၀ နာရီတွင် လယ်ဝေးမြို့နယ်၊ မဟာပရဟိတဂေဟာ(စမတောင်)၌ ကျင်းပရာ နေပြည်တော် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများ၊ ဂေဟာမှတာဝန်ရှိသူများနှင့် သင်တန်းသား/သူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် နေပြည်တော် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးက အဖွင့်အမှာစကားပြောကြားပြီး သင်တန်းနည်းပြက သင်တန်းတွင် သင်ကြားပေးမည့် ဘာသာရပ်များကိုရှင်းလင်းပြောကြားသည်။
အဆိုပါ သင်တန်းတွင် ပန်းကန်ဆေးဆပ်ပြာဆီ၊ အဝတ်လျှော်ဆပ်ပြာဆီ၊ ဘက်စုံသုံးဆပ်ပြာဆီ၊ လက်ဆေးဆပ်ပြာဆီ၊ ရေချိုးဆပ်ပြာ၊ သဘာဝခေါင်းလျှော်ရည်၊ ဓာတုခေါင်းလျှော်ရည်၊ မျက်နှာသစ်ဆပ်ပြာအမျိုးမျိုး၊ Hand Spray နှင့် Body Scrub ပြုလုပ်နည်းတို့ကို အောက်တိုဘာ ၁၁ ရက်နေ့ မှ ၁၅ ရက်နေ့အထိ သင်တန်းသား/သူ (၂၀)ဦးတို့အား စာတွေ့ လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်